
ရန်ကုန် မေ ၁၁
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၏ မြားပစ်အားကစားနည်းတွင် မြန်မာမြားပစ်အဖွဲ့က ကစား သမား ၁၃ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဆီးဂိမ်း မြားပစ်ပြိုင်ပွဲကို မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုး အစား ၁၀ မျိုး ထည့်သွင်းကျင်းပ မည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာမြားပစ်အဖွဲ့တွင် အုပ်ချုပ် သူ ဒေါ်သီသီဝင်း၊ နိုင်ငံခြားသား နည်းပြ- မစ္စတာ ယွန်ဗြောင်ဆန်း၊ နည်းပြ- ဦးအောင်သူရ၊ ဦးလင်း နိုင်၊ ဒေါ်မြတ်သူဇာမြင့်၊ ကစား သမားများအဖြစ် Recurve အမျိုး သား-ထိုက်လင်းဦး၊ နေလင်းဦး၊ သီဟထက်ဇော်၊ ကောင်းခန့်မော်၊ အမျိုးသမီး-သီတာနွယ်၊ ပြည့်စုံ နှင်း၊ ဇာခြည်ဝင်း၊ ယမင်းသူ၊ Compound အမျိုးသား- ဇင်သူရိန်မှူး၊ နေမျိုးအောင်၊ ကျော်သီဟဦး၊ ဟိန်းထက်အောင်၊ အမျိုးသမီး-စုစုလှိုင်တို့ ပါဝင်ကြ သည်။
ဆီးဂိမ်း မြားပစ်ပြိုင်ပွဲတွင် Recurve ၌ ပြိုင်ပွဲအမျိုးအစား ငါးမျိုး၊ Compound တွင် ပြိုင်ပွဲ အမျိုးအစား ငါးမျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာမြားပစ် အဖွဲ့အနေဖြင့် အမျိုးသမီး Com-pound အသင်းလိုက်ပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအမျိုးအစား ကိုးမျိုး တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ မြားပစ်အဖွဲ့အနေဖြင့် Recurve အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုး သမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသင်း လိုက်ပြိုင်ပွဲ၊ Mix-Team ပြိုင်ပွဲ၊ Compound အမျိုးသားတစ်ဦး ချင်းပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲနှင့် Mix-Team ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင် မည်ဖြစ်သည်။ မြန်မာမြားပစ်အဖွဲ့ သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေ သုံးခု၊ ကြေး နှစ်ခု ဆွတ်ခူးရရှိ ခဲ့သည်။
ရဲရင့်လွင်