
ပရီမီယာလိဂ်ပွဲစဉ် (၃၃) မှ လက်ကျန်ပွဲစဉ်အဖြစ် အက်စ်တွန် ဗီလာအသင်းနှင့် လီဗာပူးအသင်း တို့ ပွဲစဉ်ကို မေ ၁၁ ရက် နံနက်ပိုင်း က ဗီလာပတ်ခ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဦးဆောင်သူ မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။
လီဗာပူးအသင်းသည် ယခု အနိုင်ပွဲကြောင့် ပရီမီယာလိဂ် (၃၆) ပွဲ ကစားပြီး မန်စီးတီးအသင်း ထက် တစ်ပွဲပိုကစားကာ ရမှတ် ၈၆ မှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေ သည်။ ပြိုင်ဘက် ဗီလာအသင်းက ၃၅ ပွဲကစားပြီး ၄၃ မှတ်ဖြင့်အဆင့် (၁၁) နေရာတွင် ရပ်တည်နေသည်။
လူးဝစ်က ပွဲချိန် ၁၁ မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် အက်စ်တွန် ဗီလာအသင်း ဦးဆောင်ဂိုးရရှိခဲ့ သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေး လိုက်ရပြီးနောက် သုံးမိနစ်အကြာ တွင် လီဗာပူးအသင်းအတွက် ချေပဂိုးကို မာတစ်က သွင်းယူပေး ခဲ့သည်။ လီဗာပူးအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် ရရှိခဲ့ပြီး ဒီယက်ဇ်၏ ဖန်တီးမှုမှ မာနေး က သွင်းယူပေးခဲ့သည်။ မာနေး သည် အက်စ်တွန်ဗီလာအသင်းနှင့် ကစားသည့် ၁၀ ပွဲတွင် ကိုးဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်သည်။
အောင်ဇော်