ဆီးဂိမ်း အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်

 

ရန်ကုန်   မေ   ၁၅


(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို မေ ၁၅ ရက်က   ဗီယက်နမ်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

 


အုပ်စုပထမနေ့တွင် အိမ်ရှင်ဗီယက်နမ်အသင်းက မြန်မာအသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ထိုင်းအသင်းက မလေးရှားအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည်  အိမ်ရှင်ဗီယက်နမ်အသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ  ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။  မြန်မာအသင်းသည်   ပထမပိုင်းမှာပင် လေးဂိုးပေးခဲ့ရပြီးဒုတိယပိုင်းတွင်  နှစ်ဂိုးထပ် ပေးခဲ့ ရခြင်းဖြစ်သည်။

 


အုပ်စုဒုတိယနေ့ကို မေ ၁၇ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လေးသင်းသာ ရှိပြီး ပတ်လည်စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။ 


ရဲရင့်လွင်