
ရန်ကုန် မေ ၁၇
မြန်မာ့ကြက်တောင် အားကစား အဆင့်အတန်း ပိုမိုမြင့်မား တိုးတက်လာစေရန် အတွက် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် က ကြီးမှူးကျင်းပသည့် လူငယ် တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ များ ဆုချီးမြှင့်ပွဲကို မေ ၁၆ ရက်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမျိုးသား ကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၉ နှစ်နှင့် ၁၁ နှစ်အောက်၊ အသက် ၁၃ နှစ်အောက်၊ အသက် ၁၅ နှစ် အောက်၊ အသက် ၁၇ နှစ်အောက်၊ အသက် ၁၉ နှစ်အောက်၊ သာမန် တန်း အမျိုးသား အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ များ၊ ဝါသနာရှင်တန်း အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ လူသစ်တန်း အမျိုးသားနှစ်ယောက်တွဲ၊ အမျိုး သမီးနှစ်ယောက်တွဲ၊ သက်ကြီးတန်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲ တတိယဆုရ အားကစား သမားများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်(ဝဲပုံ)နှင့် အမှုဆောင် များက ဆုတံဆိပ်နှင့် ငွေသားဆု များ ချီးမြှင့်ကြသည်။
ယင်းပြိုင်ပွဲတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ကလပ် ၂၀ ကျော်မှ အားကစားသမား ၅၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို မေ ၁၂ရက်မှ ၁၆ ရက် အထိ ကျင်းပကြောင်း သိရသည်။
အာကာစိုး