နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် အာဆင်နယ် အဆင့် (၄) နေရာတက်လှမ်းခွင့်နှင့် လွဲချော်


 

ပရီမီယာလိဂ်   ပွဲစဉ်  (၃၇)  မှ    နယူးကာဆယ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်ကို  မေ ၁၇ ရက်   နံနက်ပိုင်းက စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ နယူးကာဆယ် အသင်းက    နှစ်ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိခဲ့သည်။  အာဆင် နယ်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် အဆင့် (၄) နေရာ တက်လှမ်းခွင့်နှင့် လွဲချော်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် တစ်နေရာစာအတွက်   နောက်ဆုံးပွဲစဉ်အထိ  စောင့်ကြည့် ရတော့မည် ဖြစ်သည်။ 
အာဆင်နယ်အသင်းသည် စပါးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို သုံးဦးအပြောင်းအလဲ ပြုလုပ် ကာ  ပွဲထွက်လာခဲ့ပြီး နယူးကာဆယ်အသင်းက မန်စီးတီး အသင်းကို  ငါးဂိုးပြတ်   ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှ   ကစားသမား စာရင်းကို နှစ်ဦးအပြောင်းအလဲပြုလုပ်ကာ ပွဲထွက်လာခဲ့သည်။ ပွဲကြည့်ပရိသတ်   ငါးသောင်းနှစ်ထောင်ကျော်  လာရောက် ကြည့်ရှုခဲ့သည့်    အဆိုပါပွဲစဉ်တွင်    နည်းပြအာတီတာ၏ နည်းဗျူဟာထက် ဟိုဝီ၏ နည်းဗျူဟာ အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် တစ်လျှောက် အာဆင်နယ်အသင်းကို ဂိုးအသာ၊ ခြေအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ 
ပွဲချိန် ၅၅ မိနစ်တွင်   အာဆင်နယ်အသင်းမှ  ဘင်ဝှိုက် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ နယူးကာဆယ်အသင်း ဦးဆောင် ဂိုး ရရှိခဲ့သည်။ နယူးကာဆယ်အသင်းအတွက် အနိုင်သေချာ စေမည့် ဒုတိယဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် ရရှိခဲ့ပြီး ဂူမာရက်စ် က       သွင်းယူပေးခဲ့သည်။      နယူးကာဆယ်အသင်းသည်  မေ ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ရာသီပိတ်ပွဲစဉ်တွင် ဘန်လေအသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အာဆင်နယ် အသင်းက ကစားရခက်ခဲသည့် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။                                                                   
အောင်ဇော်