ဆီးဂိမ်း ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ဗီယက်နမ်တွေ့ဆုံ

 

ရန်ကုန်    မေ    ၁၈


ဆီးဂိမ်း ဘိလိယက်နှစ်ယောက်တွဲ ပြိုင်ပွဲ   ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၉ ရက် (ယနေ့) ကျင်းပမည် ဖြစ်ပြီး  မြန်မာအတွဲသည် အိမ်ရှင် ဗီယက်နမ်အတွဲနှင့်တွေ့ဆုံနေသည်။

 


ဘိလိယက်     နှစ်ယောက်တွဲ ပြိုင်ပွဲတွင်        လေးသင်းသာ ဝင်ရောက်   ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပုံစံဖြင့်   ကစားစေ မည်ဖြစ်ကာ          အနိုင်ရသည့် နှစ်သင်းမှာ ဗိုလ်လုပွဲတက်ရောက် ခွင့်ရမည်ဖြစ်သည်။  ပွဲစဉ်ရေးဆွဲ ထားမှုအရ မြန်မာအတွဲမှာ အိမ်ရှင် ဗီယက်နမ်အတွဲနှင့်  တွေ့ဆုံနေပြီး အခြားပွဲစဉ်တွင်  စင်ကာပူအတွဲနှင့် ထိုင်းအတွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

     မြန်မာအတွဲတွင် ပေါက်စနှင့်    မင်းစည်သူထွန်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး    ဗီယက်နမ် အတွဲတွင်  ထရန်လီထယောင်နှင့် ငုယင်ဘင်သန်၊  စင်ကာပူအတွဲတွင် ပီတာဂေးလ်ခရစ်နှင့်    ယီဝေပန်၊ ထိုင်းအတွဲတွင်    ပရာပွတ်နှင့် ထာဝပ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းအတွဲများအနက်    ပရာပွတ် နှင့်  ထာဝပ်အတွဲမှာ   ဆယ်စုနှစ် တစ်ခုကျော်ကြာ  တောက်လျှောက် ယှဉ်ပြိုင်လာသူဖြစ်ပြီး  ဆီးဂိမ်း ဘိလိယက်   နှစ်ယောက်တွဲပြိုင်ပွဲ တွင်   ရွှေ့တံဆိပ်လေးကြိမ်အထိ ရယူထားနိုင်သည်။    မြန်မာအတွဲ ဖြစ်သည့် ပေါက်စနှင့် မင်းစည်သူ ထွန်းမှာ     ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံးအကြိမ် နှစ်ယောက်တွဲ ပြိုင်ပွဲ၌    ယှဉ်ပြိုင်မည်ဖြစ်သော် လည်း   လေ့ကျင့်ရေးပြည့်ဝနေ သည့်အပြင်        ပေါက်စသည် မေ ၁၇ ရက်က ကျင်းပပြီးစီးခဲ့သည့် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူထားသူဖြစ်သည်။

 


ထို့ပြင် မင်းစည်သူထွန်းသည် ဆီးဂိမ်းဘိလိယက်နှစ်ယောက်တွဲ ပြိုင်ပွဲ   ယှဉ်ပြိုင်ဖူးသည့်  အတွေ့ အကြုံကောင်းများ     ရှိသူဖြစ်ပြီး အောင်ဌေးနှင့်အတူ       ၂၀၁၅ စင်ကာပူ     ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် ၂၀၁၇   မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင်    ငွေတံဆိပ် ရရှိထားသည်။ 

 


ဘိလိယက်  နှစ်ယောက်တွဲ ပြိုင်ပွဲကို  နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခြင်းမရှိဘဲ ယခု အကြိမ်မှ ပြန်လည်ပါဝင်ခြင်း  ဖြစ် သည်။    မြန်မာဘိလိယက်အဖွဲ့ သည်   နှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်များ ရယူနိုင်ခဲ့ပြီး  ယခု ပြိုင်ပွဲတွင်လည်း     ပေါက်စက တစ်ဦးချင်းပြိုင်ပွဲတွင်    ဗိုလ်စွဲထား ရာ ရွှေတံဆိပ်ရယူနိုင်ရန်  အလား အလာကောင်းလျက်ရှိသည်။

 


ဘိလိယက်   နှစ်ယောက်တွဲ ပြိုင်ပွဲတွင်   မြန်မာနှင့်  ထိုင်းတို့ ကသာ     ရွှေတံဆိပ်ဆုများကို အများဆုံးရယူထားပြီး ဘိလိယက် ကစားသမားကောင်း         များစွာ ပိုင်ဆိုင်ထားသည့်        မြန်မာ ဘိလိယက်အဖွဲ့မှာ  အလားအလာ ကောင်းများ    ပိုင်ဆိုင်နေခြင်း ဖြစ်သည်။     
 

 ရဲရင့်လွင်