(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားသမားအဖွဲ့ ဒုတိယအသုတ်အား ကြိုဆို

 

ရန်ကုန်   မေ   ၁၈


ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင်  မေ ၁၂ ရက်မှ  ၂၃ ရက်အထိ ကျင်းပပြုလုပ် နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော   မြန်မာ အားကစားသမားအဖွဲ့ ဒုတိယအသုတ်သည်   ယမန်နေ့ည  ၉ နာရီခွဲတွင်  မြန်မာ့လေကြောင်းစင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

 


အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် အမျိုးသားဘောလုံးအသင်းမှ ၃၅ ဦး၊ ဂေါက်သီးအားကစားသမား  ၁၇ ဦး ၊ မြားပစ်အားကစားသမား သုံးဦးနှင့် တိုက်ကွမ်ဒို အားကစားသမား ငါးဦးတို့ ပါရှိကြောင်း သိရသည်။                                                    

သတင်းစဉ်