ဆောက်သမ်တန်ကို အနိုင်ရပြီး ဖလားဆွတ်ခူးရေးမျှော်လင့်ချက် ဆက်လက်ရှင်သန်လာခဲ့သည့် လီဗာပူး

 

ပရီမီယာလိဂ်ပွဲစဉ် (၃၇) မှ ဆောက်သမ်တန်အသင်း နှင့်    လီဗာပူးအသင်းတို့ပွဲစဉ်ကို    မေ ၁၈ ရက် နံနက်ပိုင်းက ဆောက်သမ်တန်အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး     အမှတ်ပေးဖလား   ဆွတ်ခူးရေး မျှော်လင့်ချက် ဆက်လက်ရှင်သန်လာခဲ့သည်။ 

 


လီဗာပူးအသင်းသည် ပွဲစသည်နှင့်တစ်ပြိုင်နက် ဆောက်သမ်တန်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ သော်လည်း ပွဲချိန် ၁၃ မိနစ်တွင် ရက်မွန်၏ သွင်းဂိုး ကို ခွင့်ပြုပေးခဲ့ရသည်။  သို့သော်လည်း မီနာမီနိုက ပွဲချိန် ၂၇ မိနစ်တွင် လီဗာပူးအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ ပွဲကြည့်ပရိသတ် သုံးသောင်း တစ်ထောင်ကျော် လာရောက်ကြည့်ရှုသည့် အဆိုပါ ပွဲစဉ်၌   လီဗာပူးအသင်းသည်  ဆောက်သမ်တန် အသင်းကို ဂိုးကန်သွင်းခွင့် ၂၄ ကြိမ်တွင် ဂိုးပေါက် တည့်မတ်မှု    ငါးကြိမ်ရှိပြီး   ဆောက်သမ်တန်က ဂိုးကန်သွင်းမှု လေးကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု နှစ်ကြိမ်သာ   ရှိခဲ့သည်။   လီဗာပူးအသင်းအတွက် အနိုင်သေချာစေမည့်        ဒုတိယဂိုးကို      ပွဲချိန် ၆၇ မိနစ်တွင် ရရှိခဲ့ပြီး   မာတစ်က    သွင်းယူပေး ခဲ့သည်။ 

 


ဆောက်သမ်တန်အသင်းသည်   ရာသီပိတ်ပွဲစဉ် အဖြစ်    လက်စတာအသင်းနှင့်    ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး    လီဗာပူးအသင်းက    ဝုဖ်အသင်းနှင့်    ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                          
 

အောင်ဇော်