
ရန်ကုန် မေ ၂၂
မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လေ့ကျင့်မှု ပြုလုပ်နေပြီး နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်း သည် အကြိုပြင်ဆင်မှုများပြုလုပ် ရန် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ သို့ ထွက်ခွာသွားခဲ့ပြီး မေ ၂၂ ရက် ညနေပိုင်းမှစတင်ကာ ထိုင်းနိုင်ငံ၌ လေ့ကျင့်မှု ပြုလုပ်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အသင်းတွင် ဂိုးသမား- ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုး သူ၊ ထွန်းနန္ဒဦး၊ နောက်တန်း - ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ စိုးမိုး ကျော်၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဒေးဗစ် ထန်း၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ အလယ်တန်း- လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဆွမ်လန်မန်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်မျိုးခန့်၊ ရှေ့တန်း- အောင်ကောင်းမာန်၊ သန်းပိုင်နှင့် ဝင်းနိုင်ထွန်းတို့ ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြချုပ် အန်တွမ်နီဟေးက ပဏာမကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းခြေစမ်းပွဲများ အပြီးတွင် အပြီးသတ်လူစာရင်း ထုတ်ပြန်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်း သည် နိုင်ငံတကာ ခြေစမ်းပွဲများ အဖြစ် မေ ၂၄ ရက်တွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် Training Match လေ့ကျင့်ခြေစမ်းပွဲ၊ မေ ၂၇ ရက် တွင် ဘာရိန်း လက်ရွေးစင်အသင်း နှင့် ဖီဖာ (A) အဆင့် နိုင်ငံတကာ ခြေစမ်းပွဲတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် အာရှဖလားတတိယ အဆင့်ခြေစစ်ပွဲတွင် အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူအသင်းများနှင့် အုပ်စု(F) ၌ ကျရောက်နေသည်။ မြန်မာ အသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Alpine Train-ing Camp တွင် လေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲများ ကစား ပြီးနောက် ဇွန် ၃ ရက်တွင် အာရှခြေစစ်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင် ကစားရန် ကာဂျစ္စတန်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ် သည်။ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲကို ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်