ရာသီပိတ်ပွဲစဉ်တွင် ဗီလာအသင်းကို အနိုင်ရရှိပြီး မန်စီးတီးအသင်း ပရီမီယာလိဂ်ဖလားဆွတ်ခူး

 

၂၀၂၁-၂၀၂၂    ပရီမီယာလိဂ်      ရာသီပိတ်ပွဲစဉ်များကို  မေ ၂၂ ရက်  ညပိုင်း ၉ နာရီခွဲတွင်   ပွဲစဉ်အားလုံး တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဖလား   ဆွတ်ခူးရန်  အရေးပါသည့်      ဦးဆောင်သူ  မန်စီးတီးအသင်းနှင့်       အက်စ်တွန် ဗီလာအသင်းတို့  ပွဲစဉ်၌  မန်စီးတီး အသင်းသည်  နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ ရာမှ    ချေပဂိုးနှင့်    အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သောကြောင့် သုံးဂိုး- နှစ်ဂိုးဖြင့်  မန်စီးတီးအသင်း အနိုင် ရရှိပြီး အမှတ်ပေးဖလားကို ခြောက် ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ 

 


ဦးဆောင်သူ  မန်စီးတီးအသင်း ကို  ထက်ကြပ်မကွာ ဖိအားပေး လျက်ရှိသော   လီဗာပူးအသင်း သည်      ရာသီပိတ်ပွဲစဉ်တွင် ဝုဖ်အသင်းကို  အနိုင်ရရှိခဲ့သော် လည်း     ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။   စပါးအသင်း သည် နော့ဝှစ်ချ်အသင်းကို  ငါးဂိုး ပြတ်    အနိုင်ရရှိခဲ့သောကြောင့် လာမည့်နှစ်    ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သည်။ 

 


ဘန်လေ      အသင်းသည် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ကြိုးစားလာခဲ့သော်လည်း  နယူး ကာဆယ်အသင်းကို     နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် နော့ဝှစ်ချ်၊     ဝက်ဖို့ဒ်အသင်း တို့နှင့်အတူ တန်းဆင်းခဲ့ရသည်။

 


ပရီမီယာလိဂ် ရာသီပိတ်ပွဲစဉ် များပြီးဆုံးချိန်တွင်   ချန်ပီယံလိဂ် ပြိုင်ပွဲသို့   မန်စီးတီး၊  လီဗာပူး၊ ချယ်ဆီးနှင့်   စပါးအသင်းတို့  ဝင်ရောက်ခွင့်ရရှိခဲ့ပြီး  ယူရိုပါလိဂ် ပြိုင်ပွဲသို့  အာဆင်နယ်နှင့် မန်ယူ အသင်းတို့  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ 
ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲသို့ ဝက်စ်ဟမ်းအသင်း     ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ပရီမီယာ လိဂ် ဂိုးအများဆုံးသွင်းသူစာရင်း တွင်  လီဗာပူးအသင်းတိုက်စစ်မှူး ဆာလာနှင့်     စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်တို့က ၂၃ ဂိုးစီဖြင့် ရပ်တည်နိုင်ခဲ့သည်။  


ချန်ပီယံရှစ်ပြိုင်ပွဲမှ ဖူလ်ဟမ် အသင်းနှင့်  ဘုန်းမောက်အသင်း တို့ ပရီမီယာလိဂ်သို့တိုက်ရိုက်တန်း  တက်ခွင့်ရရှိခဲ့ပြီး   ဟက်ဒါဖီးလ် အသင်းနှင့်             နော်တင်ဟမ် ဖောရက်စ်အသင်းတို့ထဲမှ  အနိုင် ရရှိမည့် အသင်းသည်  ပရီမီယာ လိဂ်သို့  တန်းတက်ခွင့်ရရှိမည်ဖြစ် သည်။                        

 

အောင်ဇော်