
ရန်ကုန် မေ ၂၄
အာရှဘောလုံး အဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို မေ ၂၄ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာ ယူ-၁၇ အသင်း အုပ်စု (ဃ) နှင့် မြန်မာ ယူ-၂၀ အသင်း အုပ်စု (က) တွင် ပါဝင်နေသည်။
၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး အသင်း ၄၄ သင်းကို အုပ်စု ၁၀ ခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာ အသင်းသည် အုပ်စု (ဃ) တွင် အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မော်လ်ဒိုက်၊ ကူဝိတ်အသင်းတို့နှင့် ပါဝင်နေပြီး အုပ်စု (က) တွင် ဂျပန်၊ ဂျော်ဒန်၊ ဆီးရီးယာ၊ ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ အုပ်စု (ခ) တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ပါလက်စတိုင်း၊ ဂူအမ်၊ ယူအေအီး၊ အုပ်စု (ဂ) တွင် အိုမန်၊ အီရတ်၊ ကာတာ၊ လက်ဘနွန်၊ ဘာရိန်း၊ အုပ်စု(င)တွင် ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ဘူတန်၊ အုပ်စု (စ) တွင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ နီပေါ၊အုပ်စု(ဆ)တွင် သြစတြေးလျ၊ တရုတ်၊ ကမ္ဘောဒီးယား၊ မြောက် မာရီယာနာကျွန်းစု၊ အုပ်စု (ဇ) တွင် တာဂျစ်ကစ္စတန်၊ အာဖဂန် နစ္စတန်၊ တီမော၊ မွန်ဂိုလီးယား၊ အုပ်စု(စျ)တွင် အီရန်၊ ဟောင်ကောင်၊ ကာဂျစ္စတန်၊ လာအို၊ အုပ်စု (ည) တွင် တောင်ကိုရီးယား၊ ဘရူနိုင်း၊ ဥဇဘက်ကစ္စတန်နှင့် သီရိလင်္ကာ တို့ ပါဝင်သည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု (ဃ) ပွဲစဉ်များ ကို ဆော်ဒီအာရေဗျနိုင်ငံ၌ ပြုလုပ် မည်ဖြစ်သည်။
အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ ကို စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၄၄ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု မဲခွဲမှုအရ မြန်မာအသင်းသည် အုပ်စု (က) ၌ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဥဇဘက် ကစ္စတန်တို့နှင့် ကျရောက်နေပြီး အခြားအုပ်စုများအဖြစ် အုပ်စု (ခ) တွင် ကာတာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ အုပ်စု (ဂ) တွင် ဂျပန်၊ ယီမင်၊ ပါလက်စတိုင်း၊ လာအို၊ ဂူအမ်၊ အုပ်စု (ဃ) တွင် ဂျော်ဒန်၊ တရုတ် (တိုင်ပေ)၊ ဆီးရီးယား၊ တာ့ခ်မင် နစ္စတန်၊ မြောက်မာရီယာနာ ကျွန်းစု၊ အုပ်စု (င) တွင် တောင်ကို ရီးယား၊ မလေးရှား၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ၊ အုပ်စု (စ) တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ အုပ်စု (ဆ) တွင် ထိုင်း၊ အိုမန်၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အုပ်စု (ဇ) တွင် သြစတြေးလျ၊ အီရတ်၊ အိန္ဒိယ၊ ကူဝိတ်၊ အုပ်စု (စျ) တွင် တာဂျစ် ကစ္စတန်၊ ကမ္ဘောဒီးယား၊ လက်ဘနွန်၊ စင်ကာပူ၊ အုပ်စု (ည) တွင် ယူအေအီး၊ အီရန်၊ ကာဂျစ္စတန် နှင့် ဘရူနိုင်းအသင်းတို့ ပါဝင်နေ သည်။
မြန်မာအသင်း ပါဝင်သော အုပ်စု (က) ပွဲစဉ်များကို ဆော်ဒီ အာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ် သည်။ ရဲရင့်လွင်