
နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ် သည် တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် မန်ယူအသင်း နည်းပြသစ်အဖြစ် မိတ်ဆက် ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ် သို့ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ထိုသို့လာ ရောက်လည်ပတ်စဉ်အတွင်း အသင်းပရိသတ် များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းသည် အိုးထရက်ဖို့ဒ်၌ တာဝန်ထမ်းဆောင်သည့် ပထမရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလိုကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းအနေဖြင့် ယခုနှစ် ရာသီပိတ်သိမ်း ချိန်၌ အဆင့် (၆) နေရာတွင် ရပ်တည်နိုင်ခဲ့သော ကြောင့် လာမည့် ၂၀၂၂-၂၃ ဘောလုံးရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ကစားရမည်ဟု အတည်ပြုပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။
အသက် ၅၂ နှစ်အရွယ်ရှိ တန်ဟတ်၏ ရေရှည် မျှော်မှန်းချက်မှာ ပရီမီယာလိဂ်ဖလားကို တစ်ကျော့ ပြန် ဆွတ်ခူးရန်ဖြစ်သော်လည်း ပထမဆုံး လုပ်ဆောင်ရမည်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းသည် လာမည့် နှစ်တွင် အဆင့် (၄) မှတစ်ဆင့် ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပါက ၂၀၁၇ ခုနှစ်က မော်ရင်ဟိုလုပ်ဆောင် ခဲ့သလို ယူရိုပါလိဂ်ဖလားဆွတ်ခူးပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ တန်ဟတ်သည် နယ်သာလန် ကလပ် အိုင်းယက်စ်အသင်းအား ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နည်းပြခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ နယ်သာလန် အမှတ်ပေးဖလား၊ KNVB ဖလားနှင့် ဂျိုဟန်ခရိုက်ဒိုင်းတို့ကို ဆွတ်ခူးရရှိထားသည်။
အောင်ဇော်