ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် တိုက်ချ်မန်းက နာမည်ကြီးအဇာရင်ကာကို အနိုင်ရရှိကာ နောက်တစ်ဆင့်တက်လှမ်း

 

ပြင်သစ်အိုးပင်း   တင်းနစ်အမျိုး သမီးတစ်ဦးချင်းပြိုင်ပွဲ  တတိယ အဆင့်တွင် ဆွစ်ဇာလန်တင်းနစ် မယ်    ဂျေးလ်တိုက်ချ်မန်းသည် ဂရင်းဆလမ်းချန်ပီယံဆုနှစ်ကြိမ် ဆွတ်ခူးရရှိထားသည့်    အဇာ ရင်ကာကို အနိုင်ရရှိကာ နောက် တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ တိုက်ချ်မန်းသည် အဇာရင်ကာ ကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး ၄-၆၊ ၇-၅၊ ၇-၆ (၁၀-၅) ဖြင့် အနိုင်ရရှိကာ    နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


အသက်  ၂၄  နှစ်အရွယ်ရှိ တိုက်ချ်မန်းသည်  ကစားသမား ဘဝတွင်   ဂရင်းဆလမ်းပြိုင်ပွဲ စတုတ္ထအဆင့်သို့      ပထမဆုံး အကြိမ်တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။    တိုက်ချ်မန်းသည် အဆိုပါအဆင့်တွင် စတီဖန်စ်နှင့် ယှဉ်ပြိုင်ကစားရမည်      ဖြစ် သည်။ 

 


ထို့အပြင်  ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း    ကဘာ သည် ဆာစ်နိုဗစ်ကို ၆-၄၊ ၇-၆၊ (၇-၅) ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ သို့သော်လည်း    ကနေဒါတင်းနစ်မယ်     ဖာနန် ဒက်စ်၊ ကိုကိုဂါ့ဖ်နှင့်  စတီဖန်စ် တို့သည်     ပြင်သစ်အိုးပင်း အမျိုး သမီးတစ်ဦးချင်း ပြိုင်ပွဲ၏ ၁၆ ဦး  အဆင့်သို့    တက်ရောက်နိုင်ခဲ့ သည်။ 

အောင်ဇော်