
နေပြည်တော် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် (ဈ)ရပ်ကွက် ၁၃၉ လမ်း ၅၂ x ၅၃ လမ်းကြားရှိ ဂိုဒေါင်ကို သတင်းအရ ရှာဖွေရာ ဟိန်းဝင်းစိုးနှင့် တာရိုစေးတို့ နှစ်ဦးကို Hino ၁၂ ဘီး မော်တော်ယာဉ်တစ်စီး၊ Nissan Van မော်တော် ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိပြီး Hino ၁၂ ဘီးယာဉ် ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသ ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်