ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - နိုင်ငံအဆင့် ပြိုင်ပွဲကို  MRTV-HD Channel တွင် ပြသမည်

 

နေပြည်တော်  ဇွန်  ၅


ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်း       ပဟေဠိပြိုင်ပွဲ  10th  ASEAN  Quiz ကို    ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင်  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်   လက်ခံကျင်းပ မည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စား ပြု လူငယ် သုံးဦး ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

 


အဆိုပါ        မြန်မာနိုင်ငံ ကိုယ်စားပြု    လူငယ်   သုံးဦး ရွေးချယ်နိုင်ရန်အတွက် အာဆီယံ ဉာဏ်စမ်းပဟေဠိ      ပြိုင်ပွဲ-  နိုင်ငံအဆင့် 10th ASEAN Quiz - National Level ကို    ဇွန် ၁  ရက် နံနက်ပိုင်းတွင်          ရန်ကုန်မြို့ ပြည်လမ်းရှိ    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊    Studio A ၌ တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးမှ   ရွေးချယ်ထားသော ကျောင်းသား ကျောင်းသူ  ၁၀ ဦး တို့ ယှဉ်ပြိုင်ခဲ့ကြရာ ထိုသို့ယှဉ်ပြိုင် မှုများကို  MITV  Channel  မှ ဇွန် ၁ ရက်  ည ၇ နာရီသတင်းအပြီး တွင်  ပြသခဲ့ပြီး  MRTV  - HD Channel မှလည်း   သုံးပိုင်းခွဲ၍    ဇွန် (၆၊၇၊၈) ရက်များတွင်  ညနေ ၆ နာရီသတင်းအပြီး၌ မြန်မာစာတန်း ထိုးဖြင့်    ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း  သိရသည်။   

သတင်းစဉ်