စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 

မုံရွာ   ဇွန်   ၂၅


၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စက်ကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂၄ ရက်က မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ ၌ ကျင်းပသည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ် အဖြစ် ကသာမြို့နယ် အမျိုးသား ဘတ်စကက် ဘောအသင်းနှင့် ပင်လည်ဘူးမြို့နယ် အမျိုးသား ဘတ်စကက်ဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှု ကို ကြည့်ရှုအားပေးကာ ကသာမြို့နယ်အသင်းက  ပင်လည်ဘူးမြို့နယ်အသင်းကို အနိုင်ရရှိသည်။

 


ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနား  ကျင်းပရာ တိုင်းဒေသကြီး     ဥပဒေချုပ်    ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း တို့က အမျိုးသား/အမျိုးသမီး ပွဲစဉ်တစ်လျှောက်နေရာ အလိုက် အကောင်းဆုံးရရှိကြသူများအား  လည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က တတိယဆုရရှိ သော မုံရွာမြို့နယ် အမျိုးသမီး  ဘတ်စကက်ဘော အသင်းအား   လည်းကောင်း၊   တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလိူင်က တတိယဆုရရှိ သော အင်းတော်မြို့နယ် အမျိုးသား ဘတ်စကက် ဘောအသင်းအား  လည်းကောင်း  ပေးအပ်ချီးမြှင့်ကြသည်။

 


ဆက်လက်ပြီး  တိုင်းဒေသကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော   ကသာမြို့နယ်   အမျိုးသမီး ဘတ်စကက်ဘောအသင်းအား   လည်းကောင်း၊ တိုင်းဒေသကြီး  တရားသူကြီးချုပ်  ဦးဇော်ထူးက ဒုတိယဆုရရှိသော ပင်လည်ဘူးမြို့နယ် အမျိုးသား ဘတ်စကက်ဘောအသင်းအား     လည်းကောင်း  ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်     တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိကြသော အင်းတော် မြို့နယ် အမျိုးသမီး ဘတ်စကက်ဘောအသင်းကို တစ်ဦးချင်းဆုတံဆိပ်၊   တံခွန်စိုက်ဆုဖလားနှင့် ဆုငွေကျပ်    ငါးသိန်း ၊    ကသာမြို့နယ် အမျိုးသား ဘတ်စကက်ဘောအသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊   တံခွန်စိုက်ဆုဖလားနှင့်   ဆုငွေကျပ် ခုနစ်သိန်းကို ပေးအပ်ချီးမြှင့်သည်။

 


၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၁၀ မြို့နယ်မှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား  ၁၂၀  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး   အကောင်းဆုံး အားကစားသမားများအား ရွေးချယ်၍ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)