
ရန်ကုန် ဇွန် ၂၅
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် စကိုင်းနက်(SKYNET)တို့ ပူးပေါင်းကျင်းပသော စကိုင်းနက် ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ငါးချီစိန်ခေါ်ပွဲ ပထမနေ့ပြိုင်ပွဲကြီးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ၇၀-၇၁ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဖိုးလပြည့် (ဇာနည်းသွေး)နှင့် မင်းထက်အောင်(ရွှေသထုံ)တို့ ယှဉ်ပြိုင်ပွဲ၌ ပထမ အချီတွင် မင်းထက်အောင် လက်သီးတွဲလုံး ခြေကန်ချက်များကြောင့် ဖိုးလပြည့် အနားတောင်းခဲ့ကာ ဆက်လက်မယှဉ်ပြိုင်နိုင်၍ မင်းထက် အောင် အနိုင်ရရှိသွားသည်။ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ၆၇ ကီလို တန်း၌ စောရေထူး(STL)နှင့် စောမင်းမင်း(ရွှေသထုံ)တို့ပြိုင်ပွဲတွင် ပထမအချီ၌ သူတစ်ပြန် ကိုယ်တစ်ပြန် ထိမိကြသော်လည်း ဒုတိယအချီ တွင် စောမင်းမင်း၏ လက်သီးတွဲလုံးများကြောင့် စောရေထူး ဒုတိယ အချီမှာပင် အရှုံးပေးလိုက်ရသည်။ နောက်တစ်ပွဲဖြစ်သည့် ကိုနိုင် (ဇာနည်သွေး)၏ လက်သီးတွဲလုံး၊ ခြေကန်ချက်များကြောင့် ဒုတိယ အချီ၌ ဟံသာဝတီ(အဖြူရောင်သွေး) အနားတောင်းခဲ့ပြီး ဆက်လက် ယှဉ်ပြိုင်ကြရာ ဒုတိယအချီမှာပင် ကိုနိုင် က ဟံသာဝတီ ကို အလဲထိုးနိုင် ခဲ့သည်။ ၆၃ ဒသမ ၅ ကီလိုတန်းများတွင် နက္ခမင်း(ဇွဲကပင်မြေဧရာ) နှင့် ကိုကိုအောင်(STL)တို့ပြိုင်ပွဲ၌ ပထမချီတွင် နက္ခမင်း လက်သီးတွဲ လုံးများကြောင့် ကိုကိုအောင် အနားတောင်းခဲ့ပြီး ဒုတိယအချီတွင် နက္ခမင်း ထောက်လက်သီးကြောင့် ကိုကိုအောင် ဒဏ်ရာရကာ အရှုံးပေးလိုက်ရသည်။
နောက်တစ်ပွဲဖြစ်သည့် ကျားသွေး (ထွန်းထွန်း မင်း) နှင့် ဇွဲရာမာန်(ဘိလပ်မြေ) တို့ပွဲစဉ်၌ ငါးချီပြည့် ထိုးသတ်ကြသော်လည်း ဒိုင်များက အမှတ်ဖြင့် ဆုံးဖြတ်ကာ ကျားသွေး အနိုင် ရရှိခဲ့သည်။ ထို့ပြင် ၆၀ ကီလိုတန်းများတွင် စောမူထော်ဂေး(STL) နှင့် စောအယ်ဖူး(ဒို့ရိုးရာ)တို့ပြိုင်ပွဲ၌ ပထမအချီမှ စတုတ္ထအချီအထိ သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးကြသော်လည်း စတုတ္ထအချီတွင် စောအယ်ဖူး ခေါင်းတိုက်ချက်ကြောင့် စောမူထော်ဂေး အနားတောင်းပြီး ဆက်လက်မယှဉ်ပြိုင်နိုင်၍ အရှုံးပေးလိုက်ရသည်။ နောက်တစ်ပွဲ ဖြစ်သည့် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် သန့်ဇင်(တော်ဝင်ဧရာ)တို့ ပွဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ထိုးသတ်ကြကာ စတုတ္ထအချီ၌ ဟိန်းထွန်းအောင် ထိုးချက်များကြောင့် သန့်ဇင် ဒဏ်ရာရကာ အရှုံးပေး ခဲ့သည်။
အဆိုပါကွာတားဖိုင်နယ်ပွဲစဉ်များတွင် ၆၇ ကီလိုတန်းတွင် စောမင်းမင်း(ရွှေသထုံ)၊ ကိုနိုင်(ဇာနည်သွေး)၊ ၆၃ ဒသမ ၅ကီလိုတန်း တွင် နက္ခမင်း(ဇွဲကပင်မြေဧရာ)၊ ကျားသွေး (ထွန်းထွန်းမင်း)၊ ၆၀ ကီလို တန်းတွင် စောအယ်ဖူး(ဒို့ရိုးရာ)၊ ဟိန်းထွန်းအောင် (ရွှေသထုံ) တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။ ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ရွှေပြိုင်ပွဲကြီး ဒုတိယနေ့ကို ဇွန် ၂၆ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်သည်။
အာကာစိုး