
မိတ္ထီလာ ဇူလိုင် ၂
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မိတ္ထီလာခရိုင် အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့တို့ ပူးပေါင်း၍ ထီလာ မောင်ဖလား အလွတ်တန်း ဖိတ်ခေါ် အမျိုးသားဘောလုံး ပြိုင်ပွဲကို ယနေ့ ညနေပိုင်းက မိတ္ထီလာခရိုင် အားကစားကွင်း ၌ ကျင်းပရာ မိတ္ထီလာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် များ၊ တာဝန်ရှိသူများ၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီး ဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်စိုးနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင် လေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ ဘောလုံးပြိုင်ပွဲဝင် အသင်း တို့မှ အုပ်ချုပ်သူနည်းပြများ၊ ဘောလုံးသမားများ၊ မြို့နယ်မှ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ အုပ်စု (က) မှ အုတ်ကျင်းအသင်းနှင့် တော ဂေါ်လီအသင်းတို့ ပွဲဦးထွက် ပွဲစဉ်ယှဉ်ပြိုင်ကစားကြရာ တော ဂေါ်လီအသင်းက ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ထီလာမောင်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ တိုင်း ဒေသကြီးအတွင်းမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၁၅ သင်းတို့က ပထမအဆင့်အုပ်စု ပတ်လည် အဖြစ် (က) အုပ်စုတွင် ရတနာ(A) အသင်း၊ အုတ်ကျင်းအသင်း၊ တော ဂေါ်လီအသင်း၊ အုပ်စု (ခ) တွင် မြို့သစ်အသင်း၊ United Family အသင်း၊ မျိုးကြီး(fc)အသင်း၊ (ဂ) အုပ်စုတွင် သဖန်းအသင်း၊ ရွှေဆည်အသင်းနှင့် ဝန်ဇင်း အသင်း၊ အုပ်စု (ဃ) တွင် မကျီး ချောက်အသင်း၊ အောင်ဇေယျ အသင်းနှင့် ရွှေလွန်းပျံအသင်၊ အုပ်စု (င) တွင် ရတနာ(B)အသင်း၊ ဇီးကုန်းအသင်းနှင့် Golden Brother အသင်းတို့သည် အုပ်စု တစ်အုပ်စုတွင် သုံးသင်းစီ အသီးသီး ပါဝင်ကြပြီး ဩဂုတ် ၇ ရက်အထိ မိတ္ထီလာခရိုင် အားကစားကွင်းတွင် ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
တင်မောင်-မန်း