MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်း ပထမဆုံးနိုင်ပွဲရရှိ

 

ရန်ကုန်    ဇူလိုင်     ၂


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ပထမနေ့အဖြစ် ဟံသာ ဝတီနှင့် မဟာယူနိုက်တက်အသင်းတို့    ယနေ့တွင်   သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ မဟာယူနိုက် တက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 


ဟံသာဝတီအသင်း    အတွက် မထင်မှတ်သည့်      ရှုံးပွဲဖြစ်ခဲ့ပြီး မဟာယူနိုက်တက်          အသင်းအတွက်     အဖိုးတန်နိုင်ပွဲ    ဖြစ်ခဲ့ သည်။ ရာသီအစ ပထမဆုံးပွဲတွင်  ဂိုးပြတ်အရေးနိမ့်ထားသည့် မဟာ ယူနိုက်တက်အသင်းသည် အမှား နည်းအောင် ကစားနိုင်ခဲ့ပြီး ရရှိ သည့် အခွင့်အရေး အသုံးချနိုင်ခဲ့ ဖြင့်     အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ပထမပွဲ တွင် ဧရာဝတီကို အနိုင်ရခဲ့သော်လည်း    ယခုပွဲတွင်    အဆုံးသတ် အားနည်းမှုကြောင့်     အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။

 


ပွဲချိန်ပြည့်      ကစားခဲ့သည့် ခြေစွမ်းအရ      နှစ်သင်းစလုံး ကွာခြားမှုမရှိသော်လည်း ဟံသာ ဝတီအသင်းက ဂိုးသွင်းခွင့်ဖန်တီး နိုင်မှု၌ အသာရခဲ့သည်။ ဒုတိယ ပိုင်းအစတွင်  မဟာယူနိုက်တက် အသင်း အနိုင်ဂိုးရခဲ့ပြီး မျိုးမင်းဖြိုး နှင့် စိုးမင်းနိုင် တွဲလုံးမှ မျိုးမင်းဖြိုး က      သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင်   ဟံသာဝတီ အသင်းက   ချေပဂိုးရရန်   ကစား သမားများ အပြောင်းအလဲပြုလုပ် ကာ တိုက်စစ်မြှင့်ခဲ့သည်။ ဟံသာ ဝတီအသင်းအနေဖြင့်      ချေပဂိုး ရနိုင်သည့် အခွင့်အရေး ငါးကြိမ် ထက်မနည်းရသော်လည်း အသုံး မချနိုင်သဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

 


ပွဲစဉ် (၂) ဒုတိယနေ့ကို ဇူလိုင် ၃ ရက် (ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းနှင့် ရခိုင်အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။                    

ရဲရင့်လွင်
ဓာတ်ပုံ - MNL