မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

မန္တလေး   ဇူလိုင်   ၈


၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖလား  ခရိုင်ပေါင်းစုံ  အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို  ချမ်းမြသာစည်မြို့နယ်  မန္တလာ သီရိအားကစားကွင်းရှိ Multipurpose Stadium တွင်  ယနေ့နံနက်ပိုင်းက  ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်      ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်  ဖိတ်ကြားထား သူများ   တက်ရောက်ကြပြီး     အမျိုးသား နှစ်ယောက်တွဲ ကြက်တောင်ရိုက် ယှဉ်ပြိုင်ကစား နေမှုကို ကြည့်ရှုအားပေးသည်။ 

 


ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဝန်ကြီးများက ဆုများချီးမြှင့်ရာ    တံခွန်စိုက် ဆုဖလားရ  မန္တလေးခရိုင်အသင်းကို  တံခွန် စိုက်ဆုနှင့်ငွေကျပ် ၁၀ သိန်းစီ  ၊ အကောင်းဆုံးဆုရ   မန္တလေးခရိုင်အသင်းမှ အားကစားသမားနှစ်ဦးကို     ဆုတံဆိပ်နှင့်   ငွေကျပ်တစ်သိန်းစီ၊ ဒုတိယဆုရ        ပြင်ဦးလွင် ခရိုင်အသင်းကို  ဆုတံဆိပ်နှင့်     ငွေကျပ်ခုနစ် သိန်း  ငါးသောင်း၊        ပူးတွဲတတိယဆုရ  မိတ္ထီလာခရိုင်နှင့်    မြင်းခြံခရိုင်အသင်းတို့ကို     ဆုတံဆိပ်နှင့် ငွေကျပ်ငါးသိန်းစီတို့ကို  ပေးအပ် ချီးမြှင့်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည်  ပြန်လည်အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်ပြီးသည့် အောင်မြေသာစံမြို့နယ် ရှိ    အောင်မြေမန္တလာ   အဆင့်မြင့်အားကစား ကွင်းသို့     ရောက်ရှိရာ    တာဝန်ရှိသူများက ကြိုဆိုကြပြီး    အားကစားကွင်း    ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု၊       လျှပ်စစ်မီးရရှိရေး အတွက်     ဆောင်ရွက်ထားရှိမှု၊     မီတာ ၄၀၀ ပြေးလမ်းနှင့်  Synthetic  ခင်းခြင်း  ဆောင်ရွက် ပြီးစီးမှုနှင့်     အထူးတန်းပွဲကြည့်စင်အောက် တွင်  အားကစားသမားများနားနေခန်း၊ အဝတ် လဲခန်း၊   သွေးပူလေ့ကျင့်ခန်း၊   သန့်စင်ခန်း၊ အုပ်ချုပ်ရေးမှူးရုံးခန်း၊   ဧည့်ခန်းများအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး   သတ်မှတ်ကာလ အတွင်း    ဖွင့်လှစ်ရေး၊   အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲအောင်          ကြပ်မတ် ဆောင်ရွက်သွားရေးတို့ကို       မှာကြားကြောင်း သတင်းရရှိသည်။           

သတင်းစဉ်