ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား /အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

 

နေပြည်တော်  ဇူလိုင်  ၁၃


၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌  ကျင်းပလျက် ရှိရာ ယနေ့နံနက်  ၈ နာရီတွင် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်၌ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက    ပညာရေးဝန်ကြီးဌာနအသင်းကို  သုံးပွဲပြတ်၊ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနအသင်းက   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ် တို့ဖြင့်  အနိုင်ရရှိသည်။   

 


အနိုင်ရရှိ


အမျိုးသားပြိုင်ပွဲတွင်   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက    မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို    သုံးပွဲပြတ်၊ ပြည်ထောင်စုရာထူးဝန်အသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို  သုံးပွဲပြတ်၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းက   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို   သုံးပွဲပြတ်၊  ပညာရေးဝန်ကြီးဌာနအသင်းက  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိသည်။

 


အခမဲ့ကြည့်နိုင်

 


အဆိုပါ  ဘော်လီဘောပြိုင်ပွဲကို  ဇူလိုင်  ၁၈  ရက်အထိ  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက် ၈ နာရီမှစတင်၍  ယှဉ်ပြိုင်မည် ဖြစ်ရာ   အခမဲ့      လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း   သတင်း ရရှိသည်။


အားကာမောင်