
လာလီဂါနာမည်ကြီး ဘာစီလိုနာအသင်းသည် လိဒ်စ်အသင်းမှ ဘရာဇီး တိုက်စစ်ကစားသမား ရာဖင်ဟာကို ပေါင် ၅၅ သန်းဖြင့် စာချုပ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဘာစီလိုနာအသင်းသည် အသက် ၂၅ နှစ်အရွယ် ဘရာဇီးတိုက်စစ် ကစားသမားကို သောကြာနေ့က အသင်းလေ့ကျင့်ရေးကွင်း၌ ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ရာဖင်ဟာသည် ၂၀၂၀ ပြည့်နှစ်တွင် ပြင်သစ်ကလပ် ရင်းနက်စ်အသင်းမှ လိဒ်စ်အသင်းသို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၆၇ ပွဲ ပါဝင်ကစားထားကာ ၁၇ ဂိုး သွင်းယူပေးထား နိုင်သည်။ ထို့အပြင် ဂိုးဖန်တီးမှုလည်း ၁၂ ကြိမ် ပြုလုပ်ထားနိုင်သည်။
ဘာစီလိုနာအသင်းသည် အဆိုပါ တိုက်စစ်ကစားသမားကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အပိုဆုကြေး များပါ ထည့်ပေါင်းပါက ပေါင် ၅၅ သန်းအထိ ရှိလာနိုင်ကြောင်း သိရ သည်။ ရာဖင်ဟာသည် ယခုနှစ်နွေရာသီတွင် လိဒ်စ်အသင်းမှ ပြောင်းရွှေ့ သည့် ဒုတိယမြောက် အဓိက ကစားသမားဖြစ်လာခဲ့ပြီး ရာဖင်ဟာ အသင်းမှ မထွက်ခွာမီ မန်စီးတီးအသင်းသို့ ဖီးလ်လစ် ပေါင် ၄၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ဘာစီလိုနာအသင်းသည် မကြာသေးမီက ပြင်သစ်တိုက်စစ် ကစားသမား ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုထားသည်။ ဘာစီလိုနာအသင်းသည် ဩဂုတ် ၁၄ ရက်တွင် လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဗယ်လက်ကာနိုအသင်းနှင့် ယှဉ်ပြိုင်စားရမည် ဖြစ်သည်။
အောင်ဇော်