ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော ဆီမီးဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင်

 

နေပြည်တော်   ဇူလိုင်    ၁၆


၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ  (အမျိုးသား/ အမျိုးသမီး)  ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက်  ၈ နာရီက နေပြည်တော်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌   ဆက်လက်ကျင်းပ သည်။  ယနေ့နံနက်ပိုင်းတွင်   ဘော်လီဘော (အမျိုးသမီး)  ဆီမီးဖိုင်နယ်ပြိုင်ပွဲစဉ်အဖြစ် ကာကွယ်ရေး       ဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို    သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန            အသင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို  သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား)  ဆီမီးဖိုင်နယ်ပြိုင်ပွဲ  ပွဲစဉ်များ အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းကို   သုံးပွဲပြတ်ဖြင့်လည်းကောင်း၊   ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ် ရေးရာဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိသည်။ ဇူလိုင်  ၁၇  ရက်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ နံနက်  ၈  နာရီမှစ၍ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား)  တတိယလုပွဲ အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်း၊  (အမျိုးသမီး)  တတိယလုပွဲအဖြစ် ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့  ယှဉ်ပြိုင်ကစားမည် ဖြစ်ရာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။        

                                    
အားကာမောင်