မြဝတီအသင်း သုံးပွဲဆက် အနိုင်ရရှိ

 

ရန်ကုန်   ဇူလိုင်   ၂၁


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) နောက်ဆုံးနေ့အဖြစ် မြဝတီအသင်းနှင့် ရခိုင်အသင်းတို့ ဇူလိုင် ၂၁ ရက်က ယှဉ်ပြိုင်ကစား ရာ   မြဝတီအသင်းက   နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 


ရခိုင်  ယူနိုက်တက်အသင်း အတွက်      ဖိအားများစေသည့် နောက်ထပ်ရှုံးပွဲဖြစ်ခဲ့ပြီး ၈၉ မိနစ် အထိ တစ်ဂိုးအသာဖြင့် အနိုင်ရ နေသော်လည်း   လက်ကျန်မိနစ် များတွင် နှစ်ဂိုးပေးလိုက်ရသဖြင့် အရှုံးနှင့် ရင်ဆိုင်ရကာ လေးပွဲ စလုံး   အရှုံးနှင့်  ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။   မြဝတီအသင်းသည် ရာသီအစ      ပထမဆုံးပွဲတွင် ရန်ကုန်အသင်းကို   အရေးနိမ့်ခဲ့ သော်လည်း အားကာသိပ္ပံ၊ GFA နှင့် ရခိုင်ယူနိုက်တက်တို့ကို ဆက် တိုက်အနိုင်ယူကာ   သုံးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 


နှစ်သင်းစလုံး  အမာခံကစား သမားအများစုဖြင့်   ပွဲထွက်ခဲ့ပြီး ရခိုင်အသင်းက      ပွဲအစတွင် သွင်းယူသည့်ဂိုးဖြင့်   ဦးဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။      ပွဲအစ နှစ်မိနစ်တွင်   ရခိုင်ယူနိုက်တက် အသင်း ဂိုးစတင်ရရှိခဲ့ပြီး ဇေယျာ နိုင်က ပယ်နယ်တီဧရိယာစည်း ထိပ်မှ     ကန်သွင်းယူခဲ့ခြင်းဖြစ် သည်။   ရခိုင်အသင်းအနေဖြင့် စောစီးစွာ    ဂိုးရခဲ့သော်လည်း ဂိုးထပ်မံရရှိအောင်    စွမ်းဆောင် နိုင်ခြင်းမရှိသလို နောက်ပိုင်းတွင် ဂိုးထပ်မံရရှိရေးထက် ဂိုးပြန်မပေး ရရေးသာ    ကြိုးပမ်းခဲ့ခြင်းဖြစ် သည်။ ချေပဂိုးရရန် ကြိုးပမ်းနေ သည့်  မြဝတီအသင်းသည်  ပွဲပြီး ခါနီးတွင်   တိုက်စစ်ပိုမြှင့်လာရာ မိနစ် ၉၀  တွင်  ဂိုးပြန်ရခဲ့သည်။ ယင်းချေပဂိုးကို  ပြစ်ဒဏ်ဘောမှ တစ်ဆင့် သက်ဝေမိုးက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ချေပ ဂိုး  ရသွားသဖြင့်        မြဝတီအသင်း စိတ်ဓာတ်တက်သွားပြီး ၉၄ မိနစ် တွင်  ထောင့်ကန်ဘောမှတစ်ဆင့် ကောင်းစည်သူက       အနိုင်ဂိုး သွင်းယူခဲ့သည်။

 


ပွဲစဉ် (၄) အပြီးတွင် လက်ရှိ ချန်ပီယံ       ရှမ်းယူနိုက်တက် အသင်းက လေးပွဲနိုင် ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ   ဆက်လက်ဦးဆောင် လျက်ရှိပြီး  ဧရာဝတီ၊  မြဝတီနှင့် ရန်ကုန်အသင်းတို့က သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊    ရမှတ်   ကိုးမှတ်စီ၊ အားကာသိပ္ပံအသင်းက နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ခြောက်မှတ်စီ၊ ရတနာပုံ နှင့်    ဟံသာဝတီအသင်းတို့က တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ လေးမှတ်စီ၊   GFA  နှင့်  မဟာ ယူနိုက်တက်အသင်းတို့က တစ်ပွဲ နိုင်၊ သုံးပွဲရှုံး၊ သုံးမှတ်စီရထားကာ ရခိုင်အသင်းက လေးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။


ရဲရင့်လွင်
ဓာတ်ပုံ- MNL