ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် အာရှအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပမည့်ရက် သတ်မှတ်

 

ရန်ကုန်  ဇူလိုင်  ၂၂


တရုတ်နိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် (၁၉) ကြိမ်မြောက်     အာရှအားကစား ပြိုင်ပွဲကို  ကိုဗစ်-၁၉  ကပ်ရောဂါ ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး လာမည့် နှစ်တွင်  ပြန်လည်ကျင်းပမည်ဖြစ် ကြောင်း  အာရှအိုလံပစ်ကောင်စီ က အတည်ပြုထုတ်ပြန်ခဲ့သည်။


(၁၉)     ကြိမ်မြောက်   အာရှ အားကစားပြိုင်ပွဲကို   ယခင်က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပရန်  စီစဉ်ထားသော်လည်း ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ၂၀၂၃ ခုနှစ်   စက်တင်ဘာ  ၂၃ ရက်မှ  အောက်တိုဘာ  ၈  ရက် အထိ ပြန်လည်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။     ထို့ကြောင့်   မြန်မာအားကစား    အဖွဲ့များအနေ ဖြင့် ၂၀၂၃ ခုနှစ်တွင်    အဓိကနိုင်ငံ တကာ   အားကစားပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မေလတွင် (၃၂)  ကြိမ်မြောက် ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲ    ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်    ယင်းပြိုင်ပွဲ    နှစ်ခုစလုံးတွင် ဝင် ရောက်ယှဉ်ပြိုင်မည့်  အားကစား နည်းများ   အတည်ပြုရွေးချယ်ရ ခြင်းမရှိသေးသော်လည်း  ပဏာမ အဆင့်ရွေးချယ်ကာ   လေ့ကျင့် ပြင်ဆင်မှုများ    ပြုလုပ်လျက်ရှိ သည်။  မြန်မာနိုင်ငံအနေဖြင့် လာမည့်  အာရှအားကစားပြိုင်ပွဲ တွင် အများဆုံး အားကစားနည်း ၁၀ မျိုး ဝန်းကျင်သာ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိနေသည်။  တရုတ် နိုင်ငံအနေဖြင့်  အာရှအားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ် မြောက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၉၀ နှင့် ၂၀၁၀ ပြည့်နှစ်တွင် နှစ်ကြိမ် ကျင်းပခဲ့သည်။


ယင်းပြိုင်ပွဲတွင်  အားကစား နည်း  ၄၀  ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး ပြေးခုန်ပစ်၊ မြားပစ်၊ ရေကူး  /ဒိုင်ဗင်/  ဝါတာပိုလို၊ ကြက်တောင်၊ Breakdancing၊ ဘေ့စ်ဘော၊   ဘတ်စကက်ဘော၊ လက်ဝှေ့၊    ကနူး/ကယက်၊ ခရစ်ကတ်၊  စက်ဘီး၊  နဂါးလှေ၊ မြင်းစီး၊   ဓားရေး၊   ဟော်ကီ၊ ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball၊ ဂျူဒို၊ Kabaddi၊ Martial arts (ဂျူဂျစ်ဆု၊ ကရာ တေး၊ Kurash)၊ Mind sports (Bridge၊ Chess၊ Esports၊ Go၊ Xiangqi)၊ Modern pentathlon၊ Roller sport  အပြည်ပြည်ဆိုင်ရာ လှေ၊ ရက်ဘီ၊  ရွက်လှေ၊ ပိုက်ကျော် ခြင်း၊ သေနတ်ပစ်၊ Sport clim-bing၊ Squash၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပန်း၊ အလေးမနှင့် ဝူရှူး အားကစားနည်းများ ပါဝင် မည်ဖြစ်သည်။


 ရဲရင့်လွင်