တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပွဲများ ယှဉ်ပြိုင်

 

နေပြည်တော်  ဇူလိုင်  ၂၂


၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၉) နှစ်အောက် (အမျိုးသား)  ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃) ၌ ညနေ ၃ နာရီခွဲတွင် ဆက်လက် ကျင်းပလျက်ရှိသည်။ 

 


တစ်ဖက်တစ်ဂိုးစီသရေဖြစ်ခဲ့


ယနေ့ပထမအဆင့်အုပ်စု ပတ်လည် ပြိုင်ပွဲ   ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး  အားကစားကွင်း   ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီး   အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ   မန္တလေးတိုင်းဒေသကြီး အသင်းက      မကွေးတိုင်းဒေသကြီး အသင်းကို တစ်ဂိုး-ဂိုး(မရှိ)ဖြင့် အနိုင်ရ ပြီး ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း   အမှတ်(၃)၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး  အသင်းတို့     ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။

 


ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲ  ပွဲစဉ်အဖြစ် ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီ ခွဲတွင်  ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်းအမှတ် (၁)၌    ရန်ကုန်တိုင်းဒေသ ကြီးအသင်းနှင့်  မွန်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး  အားကစားကွင်း အမှတ် (၃)၌ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့             ဆက်လက်ယှဉ်ပြိုင်  ကစားကြမည်ဖြစ် ရာ  အခမဲ့လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။


အားကာမောင်