
ရန်ကုန် ဇူလိုင် ၂၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ အားကစားသမားများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံအမှာစကားပြော ကြား၍ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ခြောက်ခန်းတွဲ လေးထပ် အိပ် ဆောင် တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန် စွမ်းအားကစားအဖွဲ့ချုပ်၌ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားသမားများ နံနက်စာစားသုံး နေမှုကို ကြည့်ရှုပြီး ပြေးခုန်ပစ် အားကစားသမားများ၊ မျက်မမြင် ဂိုးဘော အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးသည်။
ယင်းနောက် GYM အားကစား ခန်းမတွင် လေ့ကျင့်နေသော အလေးမ အားကစားသမားများ နှင့် ထိုင်လျက်ဘော်လီဘော အားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး နည်းပြ၊ အားကစားသမားများနှင့် တွေ့ဆုံ ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် နိုင်ရန် အစွမ်းကုန် ကြိုးစားကြ ရန်နှင့် ဆုတံဆိပ်များရရှိပါက နိုင်ငံတော်မှ ဂုဏ်ပြုဆုကြေးငွေ များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမည် ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်စေရန် အတွက် စနစ်တကျ နေထိုင်၊ စားသောက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(မြောက် ပိုင်း) ရေကူးကန်အရှေ့တွင် တည်ဆောက်မည့် ပေ(၁၂၀ x ၄၀) အမိုးပါ အထူးတန်း နှစ်ထပ်ပွဲ ကြည့်စင် တည်ဆောက်ရန် မြေ နေရာကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တောင်ဥက္က လာပရှိ ပဒေသာအားကစားကွင်း၌ ပြေးခုန်ပစ် Systhetic ပြေးလမ်း ဖောက်လုပ်ပြီးစီးမှုကို လည်း ကောင်း၊ ပေ (၁၅၀ x ၆၀) ရှိ ဘောလုံးကွင်း အထူးတန်း ပွဲကြည့်စင် တည်ဆောက်မည့် မြေနေရာကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ရုံးဟောင်းတွင် ကျင်းပသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်)အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းငွေ တစ်လ လျှင် ဆန် ၁၀ အိတ် ခြောက်သိန်း နှုန်းဖြင့် ကိုးလစာအတွက် ငွေ ကျပ် ၅၄ သိန်းကို ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဌေးအောင်က ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ကာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ နှင့် နေ့လယ်စာ အတူစားသုံး ကြောင်း သိရသည်။
သတင်းစဉ်