(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ယှဉ်ပြိုင်ရန်    မြန်မာမသန်စွမ်းအားကစားအဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်   ဇူလိုင်    ၂၆ 


ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက် အထိ အင်ဒိုနီးရှား  နိုင်ငံ ဆိုလိုမြို့တွင် ကျင်းပမည့်  (၁၁)  ကြိမ် မြောက်   အာဆီယံမသန်စွမ်း  အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက်   မြန်မာမသန်စွမ်း အားကစား အဖွဲ့သည် ယနေ့နံနက် ၄ နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ    မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ  ဆိုလိုမြို့ သို့ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးစိုးသိန်း၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူးကြီး  ဝင်းတင့်၊  ဥပဒေချုပ်  ဦးဌေးအောင်နှင့်   တာဝန်ရှိသူများက      အားပေးစကားပြောကြားပြီး တစ်ဦးချင်း    နှုတ်ဆက်ကာ     ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ     အင်ဒိုနီးရှားနိုင်ငံမှ    အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်  မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ မြားပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်    ဘော်လီဘော၊    အလေးမ      စသည့် အားကစားနည်းခုနစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

 


မြန်မာနိုင်ငံကိုယ်စားပြု    ဖိတ်ကြားခံပုဂ္ဂိုလ် ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊    ပြန်လည်နေရာချထားရေးညွှန်ကြား ရေးမှူးရုံးမှ   ညွှန်ကြားရေးမှူး   ဗိုလ်မှူးချုပ် လှမိုး ခေါင်းဆောင်သော   မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်    ဒုတိယဥက္ကဋ္ဌ     ဦးမျိုးမြင့်နှင့် အုပ်ချုပ်သူများ၊ နည်းပြများ၊ မသန်စွမ်းအားကစား သမားများ စုစု‌ပေါင်း ၁၀၈ ဦး လိုက်ပါသွားကြသည်။ 


အာကာစိုး