နာမည်ကြီး ရတနာပုံအသင်း နိုင်ပွဲပြန်ရပြီး ရခိုင်အသင်း ငါးပွဲဆက်အရေးနိမ့်

 

ရန်ကုန်   ဇူလိုင်  ၂၈


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၅) နောက်ဆုံးနေ့အဖြစ် ရခိုင် ယူနိုက်တက်နှင့် ရတနာပုံအသင်း တို့ ဇူလိုင် ၂၈ ရက်က ယှဉ်ပြိုင် ကစားရာ    ရတနာပုံအသင်းက  သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 


အမှတ်လိုနေသည့်   နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး    ရတနာပုံ အသင်းက ဂိုးပြတ်ရလဒ်နှင့်အတူ နိုင်ပွဲပြန်လည်ရရှိခဲ့သည်။ ရတနာပုံ အသင်းသည်   သုံးပွဲဆက်  နိုင်ပွဲ ပျောက်ဆုံးမှုကို   အဆုံးသတ်နိုင်ခဲ့ သော်လည်း     ရခိုင်ယူနိုက်တက် အသင်းမှာမူ ငါးပွဲဆက်ရှုံးနိမ့်မှုနှင့် အတူ ဖိအားပိုများသွားခဲ့သည်။

 


နှစ်သင်းစလုံး   အမာခံကစားသမား အများစုဖြင့်    ပွဲထွက်ခဲ့ပြီး  ရတနာပုံ အသင်းမှာမူ       ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့   ပြုလုပ်ခဲ့သည်။ နှစ်သင်းစလုံး  တိုက်စစ်ဦးစားပေးကစား ခဲ့သော်လည်း ရတနာပုံအသင်းမှာမူ မိနစ် ၂၀   အတွင်း   နှစ်ဂိုးရရှိခဲ့သဖြင့်  ပွဲကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံ အသင်းအတွက် ဂိုးများကို ၁၀၊ ၁၉ မိနစ် တွင် ရဲရင့်အောင်က သွင်းယူခဲ့ခြင်းဖြစ်ပြီး ဒုတိယဂိုးမှာမူ    ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ ရခိုင်ယူနိုက် တက်အသင်းသည်   ချေပဂိုးပြန်လည် ရရှိရန် ကြိုးပမ်းသော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဂိုးမရခဲ့ပေ။ ရတနာပုံ အသင်းအတွက်   အနိုင်သေချာစေမည့် တတိယဂိုးကို ၅၄ မိနစ်တွင် သက်နိုင်က သွင်းယူခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်း မှာမူ    နည်းပြအပြောင်းအလဲ ပြုလုပ်ထား သော်လည်း ရလဒ်မကောင်းသေးဘဲ ငါးပွဲ စလုံး အရေးနိမ့်ထားခြင်းဖြစ်သည်။

 


ပွဲစဉ် (၅) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက     ငါးပွဲနိုင် ရမှတ် ၁၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင် လျက်ရှိပြီး ရန်ကုန်အသင်းက လေးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၁၂ မှတ်၊ ဧရာဝတီအသင်း က သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်၊ မြဝတီအသင်းက သုံးပွဲနိုင်၊ နှစ်ပွဲ ရှုံး၊ ရမှတ် ကိုးမှတ်၊ ဟံသာဝတီ၊ ရတနာပုံ နှင့်    အားကာသိပ္ပံအသင်းက   နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ခုနစ်မှတ်စီ၊ မဟာယူနိုက်တက်နှင့် GFA အသင်းက တစ်ပွဲနိုင်၊ လေးပွဲရှုံး၊ ရမှတ်သုံးမှတ်စီ ရရှိ ထားကာ ရခိုင်အသင်းမှာမူ  ငါးပွဲစလုံး ရှုံးပြီး အမှတ်မရရှိသေးပေ။      

ရဲရင့်လွင်