တရားမှုနှင့် မတရားမှု၊ ဓမ္မနဲ့ အဓမ္မ ခွဲခြားနားလည်ကြဖို့ရာ

Type
99

 

ဓမ္မဘက်တော်သား

 

အမျိုးသမီးတစ်ယောက်ကို      ဓားနဲ့အချက်ပေါင်း များစွာထိုးပြီး ဆွဲကြိုးယူ၊ လက်စွပ်ဖြုတ်၊ လူမဆန် စွာသတ်ဖြတ်ခဲ့ကြတဲ့    ယောကျ်ားရင့်မာကြီးတွေ ကိုမှ သူရဲကောင်းအာဇာနည်တွေလို့   သတ်မှတ်ခံရ တဲ့ နိုင်ငံမှာနေတဲ့  ငါတို့တွေ။

 

အကြမ်းဖက်သမားတွေ လက်ချက်နဲ့ အသတ်ခံခဲ့ရတဲ့သူတွေရဲ့ ဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမသားသမီးတွေ၊ မိခင်တွေ၊ ဖခင် တွေ သူတို့ရဲ့မျက်ရည်တွေ မခန်းခြောက်သေးပါဘူး။  သေသူတွေရဲ့ တောင်းပန်ခယသံတွေ၊  ညည်းညူသံ တွေ မစဲသေးပါဘူး။   ကျန်ရစ်သူတွေရဲ့    သောကမီး တွေ မငြိမ်းသေးပါဘူး။ ကရုဏာတရား ကိုယ်ချင်းစာ ထားပြီး အသိတရားရှိရှိ နားလည်ပေးစေချင်ပါတယ်။ 

 


လူမဆန်တဲ့ သတ်ဖြတ်မှုဖြစ်စဉ်ဖြစ်ရပ် 


တပ်မတော်က အာဏာထိန်းပြီးစ ၂၀၂၁ ခုနှစ် မတ်လ  ၁၅   ရက်နေ့က    အဖြစ်အပျက်တစ်ခုပါ။ လှိုင်သာယာမြို့နယ်   အောင်မေတ္တာရပ်ကွက်မှာ အိမ်ငှားနေထိုင်ရရှာတဲ့ အသက် ၃၁ နှစ်ခန့်ရှိ အမျိုး သမီးတစ်ဦး။   ထိုအမျိုးသမီးက    အများနည်းတူ ည ၈ နာရီ သံပုံးမတီးလို့ဆိုပြီး သူလျှို၊ ဒလန်လို့စွပ်စွဲ ပြီး တရားခံ ဝက်ကြီးနဲ့ကတုံးဆိုသူ နှစ်ယောက်က အခြားဆူပူအကြမ်းဖက်  ရပ်ကွက်လူဆိုးလူမိုက် ၂၀  ခန့်နဲ့  သူ့အိမ်ကနေ ကြိုးတုပ်ဖမ်းခေါ်၊ ဘုန်းကြီး ကျောင်းနဲ့  ဓမ္မာရုံမှာ  နှိပ်စက်ညှဉ်းပန်းစစ်ဆေးပြီး သူ့ကို သူ့အိမ်ပေါ် ပြန်ခေါ်ပြီးနှိပ်စက်၊ သော့ခတ် ချုပ်ထား၊ နောက်နေ့မှာ တရားခံ ဝက်ကြီးနဲ့ ကတုံး တို့က    ထိုအမျိုးသမီးကို    ကားနဲ့ပြန်ခေါ်ထုတ်၊ တွံတေး-လှိုင်သာယာကားလမ်း ဗျောက်ရိုးကျေးရွာ အနီးအ‌ရောက်မှာ ကားပေါ်မှာတင် သွေးဆာနေတဲ့ မိစ္ဆာတွေက    ပါလာတဲ့ဓားနဲ့ထိုး၊  အမျိုးသမီးကို ကားအောက်ဆွဲချ၊ ဓားနဲ့ထပ်ထိုး၊ စုစုပေါင်း ဓားဒဏ်ရာ ခုနစ်ချက်နဲ့ အမျိုးသမီးဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်တွေဖြုတ်ယူ၊      ဝဋ်ကြီးလွန်းလှတဲ့ ထိုအမျိုးသမီးကို မသေမချင်းသတ်ပြီး ချုံပုတ်ထဲမှာ ပစ်ထားခဲ့တဲ့ ရာဇဝတ်မှုပါ၊၊ သေသူအမျိုးသမီးဟာ လက်ဝတ်လက်စားတွေကိုတော့ယူပြီး     သူ့ကို အသက်ချမ်းသာပေးဖို့   ခယတောင်းပန်ခဲ့ပါသေး တယ်။ ဒီအမှုတွေကြောင့်ပဲ စစ်ခုံရုံးဖွဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ ပြစ်မှုထင်ရှားတဲ့အတွက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ တရားခံဝက်ကြီးနဲ့ ကတုံးတို့ကို    သေဒဏ်အပြစ်ဒဏ်    ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

 


ဒီမိုကရေစီအရေးလည်းမဟုတ်၊ 
နိုင်ငံအရေးလည်း မဟုတ် 


ဘာကြောင့်   ယခုလို    အမြင့်ဆုံးအပြစ်ဒဏ်  ချမှတ်ခဲ့ရပါသလဲ။  ထင်ရှားလွန်းလှတဲ့ ပြစ်မှုတစ်ခု ပါ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုရင် ဘယ်လိုမှ လက်ခံနားလည်ပေးလို့မရတဲ့  ရာဇဝတ်မှုကြီးပါ။ အဲဒီအမျိုးသမီးဟာ တကယ့်သူလျှို၊ ဒလန်တစ်ဦး လည်း မဟုတ်ခဲ့ပါဘူး။ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ ကို သွေးအေးအေးနဲ့ ကျူးလွန်ခဲ့ကြတာပါ။ ရက်ရက် စက်စက်    အကြမ်းဖက်သတ်ဖြတ်ခဲ့သူတွေကို အထိရောက်ဆုံး  ပြစ်ဒဏ်ပေးခြင်းဟာ  အကြမ်းဖက် လုပ်ရပ်မဟုတ်မှန်း ဦးနှောက်ရှိသူတိုင်း စဉ်းစား တတ်ကြလိမ့်မယ် ထင်ပါတယ်။ 

 


ကိုယ်နဲ့အမြင်မတူတိုင်း       အကြမ်းဖက် သတ်ဖြတ်ခဲ့ကြတဲ့    အကြမ်းဖက်သမားတွေကို ဘာကြောင့်   ဒီမိုကရေစီအရေးနဲ့   လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာ  သတ်မှတ်ရမှာလဲ။  သူတို့ကို သေဒဏ်ပေးခဲ့ခြင်းဟာ     နိုင်ငံရေးကြောင့်လည်း မဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးကြောင့်လည်း မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့လူသားတွေကိုသတ်လို့   ထိုက်ထိုက် တန်တန်  စီရင်ခဲ့တာပါ။   ရက်စက်စွာနဲ့   လူမဆန်စွာ သတ်ဖြတ်ခဲ့လို့ အပြင်းထန်ဆုံး အပြစ်ပေးရတာပါ။ ခေါင်းစဉ်ပြောင်းပြီး  ပြည်သူကိုချမနင်းပါနဲ့၊  ခုတုံး မလုပ်ပါနဲ့၊        ခေတ်သစ်အဟောအပြောတွေနဲ့ သွေးဆာပြချင်သူတွေအောက်မှာ သွေးမဆာပြကြ ပါနဲ့လို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ 

 


ဘယ်အချိန်ဘယ်အခါမှန်းမသိလိုက်ရဘဲ 
သတ်ဖြတ်ခံရမှုတွေ 


လှိုင်သာယာက    ရက်စက်တဲ့    လူသတ်မှုကို ကြည့်ရင် ကားပေါ်မှာ ဓားနဲ့ထိုးသတ်တယ်၊ ကားပေါ် ကဆွဲချ  မြေပေါ်မှာဓားနဲ့ထပ်ထိုး၊  လမ်းဘေးမှာ လမ်းပေါ်မှာပဲ ဒလန်ခေါင်းစဉ်တပ်ပြီး သေဒဏ်စီရင် တယ်ဆိုပါလား။  အကြမ်းဖက်အုပ်စုတွေဟာ ဒီလိုပဲ  သူတို့နဲ့ အမြင်မတူသူတိုင်းကို ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ခုခံချေပခွင့်မပေးဘဲ တရားမရှိ အဓမ္မသတ်ခဲ့ ဖြတ်ခဲ့ကြတယ်။  တချို့က ကိုယ့်အိမ်မှာ၊ တချို့က လက်ဖက်ရည်ဆိုင်မှာ၊ တချို့က ဘုန်းကြီးကျောင်း မှာ၊ ဓမ္မာရုံမှာ  ဆွမ်းဘုဉ်းရင်း၊  တချို့က ခရီးသွားရင်း၊ ဘုရားဖူးရင်း၊ တချို့က တစ်ဝမ်းတစ်ခါးဈေးရောင်း ရင်း၊ တချို့က နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း၊ တချို့ က လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်စခန်းများ မှာ ဘာမှမသိလိုက်ရဘဲ အသက်ထွက်ခဲ့ကြရတယ်၊၊ တချို့နေရာတွေမှာ တချို့သူတွေဟာ ယောကျ်ား/  မိန်းမမရွေး ပြန်ပြောလို့ မသင့်လောက်အောင် ရွံရှာ စက်ဆုပ်ဖွယ်ကောင်းလောက်အောင်      ထူးထူး ဆန်းဆန်း  သတ်နည်းပေါင်းစုံနဲ့  အသတ်ခံခဲ့ကြရတာ ဖြစ်တယ်၊၊ 

 


ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကတော့ 
ဓမ္မနဲ့အဓမ္မ ခွဲခြားနားလည်နိုင်သည်သာ 


မြန်မာနိုင်ငံမှာ     အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ယှဉ်တွဲပြီး     သေဒဏ်ပေးမှုတွေရှိလာနေတာမှာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြောကြဆိုကြ၊  ဆွေးနွေး သုံးသပ်ကြနဲ့ ငြင်းခုံဝေဖန်သံတွေ သောသောညံသွား ခဲ့ကြတယ်။     အတွင်းအပြင်    ဝေဖန်သူတွေက သေဒဏ်ပေးခံရတဲ့သူတွေအပေါ်    ဒီမိုကရေစီ အရေး နိုင်ငံရေးနဲ့ယှဉ်ပြီး ‌ပြစ်တင်ကြတယ်၊ ရှုတ်ချ ကြတယ်ပေါ့။    ပြည်တွင်းက   လစ်ဘရယ်အစွန်း ရောက် ကွန်မြူနစ်ဝါဒီတွေကတော့ အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မကို အစွဲတွေနဲ့ ခွဲခြားမမြင်နိုင်ကြတာ သဘာဝကျပါတယ်။ ပြည်ပက ကြိုးဆွဲဆရာကြီးများ ကတော့   သေဒဏ်ပေးသင့်၊     မပေးသင့်   သူတို့ ဦးနှောက်တွေနဲ့ စဉ်းစားတတ်ကြသူတွေပါ၊၊ မသိ ချင် မမြင်ချင်ယောင် ဆောင်နေကြခြင်းသာ    ဖြစ်ပါ တယ်။   ယဉ်ကျေးဖွံ့ဖြိုးတဲ့    သူတို့လူ့အဖွဲ့အစည်းထဲ ဒီလိုရိုင်းစိုင်းမှုမျိုးတွေ    ဘယ်လက်ခံကြပါ့မလဲ၊  သူတို့သိကြပါတယ်။ သူတို့ အကျိုးစီးပွားအတွက် ဝင်ရောက်စွက်ဖက်လိုကြတဲ့အတွက်      ဆင်ခြေ ဆင်လက်ပေးနေကြခြင်းသာ ဖြစ်ပါတယ်။ 

 


လူ့ယဉ်ကျေးတို့ ထွန်းကားရာ အာရှက  ဖွံ့ဖြိုး တိုးတက်နေတဲ့ ဂျပန်နိုင်ငံကိုပဲ ကြည့်ရအောင်ပါ။ သေဒဏ်ပေးလို့ မြန်မာနိုင်ငံကို ဝေဖန်တဲ့နိုင်ငံတွေမှာ ဂျပန်လည်း ပါပါတယ်။ ဂျပန်နိုင်ငံမှာ လတ်‌တလော ဇူလိုင်လ ၂၆ ရက်နေ့ကတင် လူခုနစ်ဦးသေဆုံးခဲ့ ရတဲ့    ဓားနဲ့တိုက်ခိုက်မှုမှာ    ပြစ်မှုထင်ရှားလို့ မသေမချင်းကြိုးကွင်းစွပ်     ပြစ်ဒဏ်စီရင်ခံရတဲ့ ‌သေဒဏ်ပေးမှုသတင်းတစ်ခု ဖတ်လိုက်ရပါတယ်။ ဂျပန်သမိုင်းမှာ   အဆိုးရွားဆုံး   မိုက်မိုက်ကန်းကန်း တိုက်ခိုက်မှုအတွက် ချမှတ်သင့်တဲ့ ပြစ်ဒဏ်စီရင် ချက်တစ်ခုအဖြစ် အတော်များများက လက်သင့်ခံ ကြတာတွေ့ရသလို  လူခုနစ်ဦးသတ်ခဲ့တဲ့ လူသတ် သမားကို သူရဲကောင်းကြီးအဖြစ် ချီးကျူးသူကောင်း ပြုတဲ့  မရင့်ကျက်မှုမျိုး  ဂျပန်လူ့အဖွဲ့အစည်းမှာ မရှိတာကိုလည်း သတိထားမိပါတယ်။ 

 


မတူတဲ့သဘောထား ချမှတ်ကြတာလည်းတွေ့ရပြန် 


သတ်သူကလည်း သူ့ဘဝသူ့အကြောင်းနဲ့သူ၊ အသတ်ခံရသူတွေကလည်း  ဘာအငြိုးအတေးမှ မရှိဘဲ  အသတ်ခံရ၊  ပြင်းထန်တဲ့စီရင်ချက်တစ်ခု ဖြစ်ပေမယ့် သူကျူးလွန်ခဲ့တဲ့ပြစ်မှုအပေါ်မှာ နောင်တရ ခြင်း အလျဉ်းမရှိ၊ အသတ်ခံရသူတွေကိုနောင်တရပြီး ပြန်တောင်းပန်တဲ့အထိ တာဝန်ယူ တာဝန်ခံမှုဆိုတဲ့ လူ့ယဉ်ကျေးမှုပုံစံကောင်းတစ်ခုကိုပါ   ဂျပန်နိုင်ငံ ဥပမာက ပြသနိုင်ခဲ့တာတွေ့ရပါတယ်။ အတုယူစရာ ရှိပေမယ့်လည်း သေဒဏ်ပေးခြင်းအပေါ်  နိုင်ငံတကာ ရဲ့မှတ်ချက်တွေအပေါ်မှာတော့ လျစ်လျူရှုခဲ့ကြတာ ပါပဲ။  ဒီလိုနိုင်ငံတကာရဲ့  ဖိအားအပေါ် အာခံခဲ့တဲ့ ဂျပန်နိုင်ငံဟာ  မြန်မာနိုင်ငံ သေဒဏ်ပေးတဲ့အခြေ  အနေကိုတော့ နားလည်မှုမရှိ ဝင်ရောက်စွက်ဖက်နေ တာကိုလည်း    တွေ့ရပြန်ပါတယ်။     ဒီလိုဂျပန်က မြန်မာအပေါ်ထားတဲ့ ဥပမာလို မတူညီတဲ့သဘော ထားမျိုး အများအပြားတွေ့ရတာဟာ မြန်မာနိုင်ငံ အတွက်တော့ အထူးအဆန်းမဟုတ် ရိုးအီနေပြီဖြစ်ပါ တယ်။

 


ဓမ္မနဲ့အဓမ္မလား မှန်မှန်ကန်ကန်နှလုံးသွင်းစေချင် 


ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် လူသေတာ၊ ဒဏ်ရာရတာ ဝမ်းသာစရာ မဟုတ်ပါဘူး။  ကိုယ်နဲ့ အမြင်မတူသူတစ်ဦးဦး   ဆင်းရဲဒုက္ခရောက်တာ ဝမ်းသာစရာ သတင်းတစ်ခုမဟုတ်သလို ရာဇဝတ် သားတစ်‌ယောက်ဟာ   သူကျူးလွန်တဲ့အမှု   အတိမ်  အနက်အလျောက်  ထိုက်သင့်တဲ့ပြစ်ဒဏ်စီရင်ခံရတဲ့အခါမှာလည်း   ဝမ်းနည်းပူဆွေးခြင်း   ဖြစ်စရာ မရှိပါဘူး။ ဘယ်ဟာက ဓမ္မ၊ ဘယ်ဟာက အဓမ္မ ဆိုတာသိတဲ့   ဆင်ခြင်တုံတရားမျိုးရှိတဲ့သူဆိုရင် ဝမ်းနည်းဝမ်းသာ ဘာကိုမှဖြစ်စရာမရှိဘူးထင်ပါ တယ်။  ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ နှလုံး သွင်းမှန်ပြီး မှန်မှန်ကန်ကန်နဲ့ ကံအပေါ်ဉာဏ်ဆင့် နိုင်ကြပြီဆိုရင်တော့  ကုသိုလ်တောင်တိုးပါသေး တယ်။ 

 


နိုင်ငံတကာဗဟုသုတလည်းရှာကြပါ 


နိုင်ငံတကာရေးရာ ဗဟုသုတကိုလည်း လေ့လာ ကြ‌စေချင်ပါတယ်။ ကမ္ဘာမှာ လူဦး‌ရေအများဆုံးနဲ့ သေဒဏ်ပေးမှုအများဆုံးစာရင်းမှာရှိနေတဲ့ တရုတ် နိုင်ငံကြီးဟာ ဝေဖန်ခံရတာတွေများပေမယ့် ဂုဏ်ယူ ဖွယ်ရာ ရာဇ၀တ်မှုဖြစ်ပွားမှု အနည်းဆုံးနိုင်ငံစာရင်း မှာ  ပါဝင်နေတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တရုတ်နိုင်ငံပြည်သူတွေဟာ   အေးအေးချမ်းချမ်း လုပ်ကိုင်နိုင်၊   ရောင်းဝယ်ဖောက်ကားနိုင်ကြပြီး နိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးမှာရှိနေ တာ တွေ့ရပါတယ်။  ရာဇဝတ်ကင်းတော့  ဖွံ့ဖြိုး တိုးတက်တာပေါ့။   ယဉ်ကျေးဖွံ့ဖြိုးတဲ့    နိုင်ငံတွေမှာ အကြမ်းဖက်ရာဇဝတ်ပြစ်မှုတွေကို ဘယ်လိုသဘော  ထားကြပါသလဲ၊ လေ့လာနားစွင့်ဖတ်ရှုကြဖို့ လိုအပ် တာလည်း တွေ့ရပြန်ပါတယ်။ 

 


ခံခဲ့ရသူတွေဘက်ကလည်း 
ပြန်ပြီးခံစားနားလည် ပေးကြပါ 


သေဒဏ်ပေးတာနဲ့ပတ်သက်ရင် အငြင်းပွား စရာတော့ အမြဲရှိနေတတ်ပါတယ်။ ကျင့်သုံးတဲ့နိုင်ငံ တွေရှိသလို ပယ်ဖျက်ပြီး မကျင့်သုံးတော့တဲ့ နိုင်ငံ တွေလည်းရှိပါတယ်။ သေဒဏ်ပေးတာကောင်းလား ဆိုရင်တော့    ဒီအချက်အပေါ်မှာ   အကြီးအကျယ် ထောက်ခံနေတာတော့လည်း မဟုတ်ပါဘူး။ ကာလံ/ ဒေသံအပေါ်တော့   မူတည်တာပေါ့။    ယခုမြန်မာ နိုင်ငံမှာ   ဖြစ်နေတာတွေက  အရေးပေါ်ကာလမှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ အကြမ်းဖက်ရာဇဝတ် ပြစ်မှုတွေထူပြောပြီး     မငြိမ်းချမ်းမအေးချမ်းတဲ့ အခြေအနေအချို့အောက်မှာ ရှိနေတာပါ၊ တည်ငြိမ် အေးချမ်းမှုနဲ့     တရားဥပဒေစိုးမိုးမှုကို  လိုလား တောင့်တနေတဲ့ ပြည်သူအများစုကြီးရဲ့ အလိုဆန္ဒ ဘက်ကလည်း မြင်ကြည့်ခံစားကြည့်ရပါလိမ့်မယ်။ ခံခဲ့ရတဲ့သူတွေ အကြမ်းဖက်တွေရဲ့ အသတ်ခံရတာ တောင်မှ မိမိကိုပြန်ပြီး ရန်မူမှာစိုးလို့ ထုတ်မပြောဝံ့၊  ကြိတ်မှိတ်ပူဆွေးခဲ့ရသူတွေ၊     အသတ်ခံခဲ့ရတဲ့  မိသားစု ဆွေမျိုးသားချင်းတွေဘက်ကိုလည်း သူတို့ ရဲ့နစ်နာဆုံးရှုံးမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ ပေးခဲ့ရ တဲ့အသက်တွေအတွက် လူသားချင်းစာနာစိတ်များ နဲ့အတူ  ပြေးမြင်ခံစားကြည့်ကြဖို့  လိုမယ်ထင်ပါ တယ်။ 

 


တို့မြန်မာတွေအနေနဲ့   ရင့်ကျက်မှုအတိုင်း အတာကို ပြသင့်နေပါပြီ။  ယခုလို သေဒဏ်စီရင်မှု တွေဟာ မျက်မှောက်ကာလမှာတော့ အတိုင်းအတာ တစ်ခုအထိ ဆက်ရှိနေဦးမယ်ထင်ပါတယ်၊၊ အကြမ်း ဖက်မှုတွေမချုပ်သိမ်းသေးသမျှ၊ ရာဇဝတ်မှုတွေရှိနေ သေးသမျှပေါ့။ ယခင်ကတော့ တော်လှန်ရေးခေါင်းစဉ် အောက်၊ ယခုတော့ အကြမ်းဖက်‌နာမည်နဲ့ အကြမ်း ဖက်ကနေ ဓားပြတိုက် လူသတ်တဲ့အဆင့်တောင် ကူးပြောင်းလာနေပါပြီ။  စားဝတ်နေရေးတင်မက လုံခြုံရေးကိုပါ ဦးစားပေးစဉ်းစားလာနေရတဲ့ အခြေ  အနေမှာတော့ ပြင်းထန်တဲ့အပြစ်ပေးစီရင်ချက်တွေ ကို ဆက်ပြီးကြားနေရဦးမယ်ထင်ပါတယ်။ နှလုံး သွင်းရမှာက  ဒီမိုကရေစီအတွက် ကျဆုံးတာလား၊ နိုင်ငံရေးလုပ်လို့ သေဒဏ်ပေးခံရတာလား၊ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့လူ့အသက်တွေကို တန်ဖိုးမထား ရက်ရက်စက်စက်သတ်ဖြတ်လို့လား  ခွဲခြားနားလည် သိမြင်နိုင်စွမ်းမွေးကြဖို့တော့   လိုအပ်နေပါတယ်။ ဒါကြောင့်လည်း  ယခုလို  လိုအပ်ချက်တွေနဲ့အတူ...


တရားမျှမျှတတနဲ့မတွေးတတ်    မမြင်တတ် သေးသူ‌တွေရှိနေသေးတဲ့၊  ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုမှာ ယခုထက်ပိုပြီး အပိုင်း ပိုင်း ကွဲပြားမခြားနားသွားစေချင်တဲ့ စေတနာအမှန် နဲ့အတူ  ဓမ္မနဲ့အဓမ္မကို   မှန်မှန်ကန်ကန်နဲ့  သိမြင် သုံးသပ်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရ ပါသည်။         ။