ဗယ်လက်ကာနိုအသင်းနဲ့ ဇူလိုင် ၃၁ ရက် ခြေစမ်းပွဲတွင် စီရော်နယ်ဒို ပြန်လည်ပါဝင်လာဖွယ်ရှိ

 

မန်ယူအသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဇူလိုင် ၃၁ ရက်တွင် အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားမည့် ဗယ်လက်ကာနို အသင်းနှင့် ခြေစမ်းပွဲတွင် ပါဝင်ကစားဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။ 

 


အဆိုပါ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို သည်  ၎င်းအတွက်  သင့်လျော်သည့်ကမ်းလှမ်းမှု လက်ခံရရှိပါက မန်ယူအသင်းမှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုထားသူ ဖြစ်သည်။ ၎င်းသည် ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များကြောင့် ရာသီ အကြိုခြေစမ်းပွဲအဖြစ် မန်ယူအသင်းယှဉ်ပြိုင်သည့် ထိုင်းနိုင်ငံနှင့် ဩစတြေးလျခရီးစဉ်များတွင် လိုက်ပါနိုင်ခြင်းမရှိပေ။ 

 


သို့သော်လည်း ၎င်းသည် အင်စတာဂရမ်၌  ဇူလိုင်  ၃၁ ရက် တွင် ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ပါဝင် ကစားဖွယ်ရှိကြောင်း ရေးသားထားသည်။ နည်းပြသစ် တန်ဟတ် သည် စီရော်နယ်ဒိုနှင့်ပတ်သက်ပြီး ရောင်းချသွားမည် မဟုတ်ကြောင်း၊  ၎င်း၏အစီအစဉ်တွင် ပါဝင်နေကြောင်း ပြောကြားထားသည်။ 

 


စီရော်နယ်ဒိုသည် ရီးရဲမက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်အသင်း၌  ကစားပြီးနောက် ပြီးခဲ့ရာသီတွင် မန်ယူအသင်းသို့ ပြန်လည်ရောက်ရှိ လာသူ ဖြစ်သည်။ 

အောင်ဇော်