ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်ကစားသမား ၂၅ ဦး ရွေးချယ်

 

ရန်ကုန်   ဩဂုတ်  ၂


ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့်  ၂၀၂၂ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်းသည် အပြီးသတ်ကစားသမား ၂၅ ဦး ရွေးချယ်လိုက်ပြီ ဖြစ်သည်။ မြန်မာ  ယူ-၁၉  အသင်းသည်  ၂၀၂၂  အာဆီယံ ယူ-၁၉  ပြိုင်ပွဲပြီးကတည်းက ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲဝင်အသင်းကို အခြေခံကာ ကစားသမားသစ် အချို့လည်း ရွေးချယ်ခံထားရသည်။ 

 


ယခုပြိုင်ပွဲဝင်အသင်းတွင် MNL ကလပ်များမှ  ကစားသမားအချို့လည်း ရွေးချယ်ခံထားရသည်။   ပြိုင်ပွဲဝင်မည့်   မြန်မာ ယူ-၁၉  အသင်းတွင် အုပ်ချုပ်သူ- ဦးရဲဝင်းအောင်၊  နည်းပြချုပ်-ဦးစိုးမြတ်မင်း၊  လက်ထောက် နည်းပြ- ဦးမင်းမင်းထွန်း၊   ဦးစထက်နိုင်ဝင်း၊  ဂိုးနည်းပြ- ဦးစိန်အေး၊ ကစားသမားများအဖြစ်  ဂိုးသမား- ဟိန်းထက်စိုး၊ ထက်အာကာဝင်း၊ အောင်ပြည့်ဖြိုး၊   နောက်တန်း- လင်းလင်းထွန်း၊   လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ မျိုးမင်းဟိန်း၊ ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး၊ လတ်ဝေဘုန်း၊ အလယ်တန်း- စောသန်းကိုသန်း၊  ရဲရင့်ဖြိုး၊  အာကာကျော်၊  မိုးဆွေ၊ ဇော်ဝင်းသိန်း၊   ဥက္ကာနိုင်၊    ရဲကောင်းဆက်၊    သာယာဝင်းထက်၊ ဟိန်းဇော်နိုင်၊ ဖြိုးသန့်ကိုကို၊ ချစ်အေး၊ ရှေ့တန်း- လမင်းထွေး၊ စွမ်းထက်၊  သန်းတိုးအောင်၊ သိန်းဇော်သီဟတို့ ပါဝင်ကြသည်။ 

 


ယင်းပြိုင်ပွဲတွင်  အရှေ့တောင်အာရှ  နိုင်ငံများဖြစ်သည့်  ဗီယက်နမ်၊ ထိုင်း၊  မလေးရှားနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု ပွဲစဉ်များကို  သြဂုတ် ၅၊ ၇၊ ၉ ရက်တွင်   တစ်နေ့လျှင်  နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး  တတိယလုပွဲနှင့်  ဗိုလ်လုပွဲကို သြဂုတ် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။   ပွဲစဉ်ရေးဆွဲထားမှုအရ  သြဂုတ် ၅ ရက်တွင် မလေးရှားနှင့် ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်၊ သြဂုတ် ၇ ရက်တွင် မြန်မာ နှင့်ထိုင်း၊  ဗီယက်နမ်နှင့် မလေးရှား၊ သြဂုတ် ၉ ရက်တွင် မြန်မာနှင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အမှတ်အများဆုံးရရှိသည့်နှစ်သင်းမှာ ဗိုလ်လု ပွဲကစားရမည်ဖြစ်ပြီး အဆင့် ၃ နှင့် အဆင့် ၄ ရပ်တည်မှုရ နှစ်သင်းမှာ တတိယလုပွဲ ထပ်မံကစားရမည်ဖြစ်သည်။                        

ရဲရင့်လွင်