အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ် ဝူရှူးအားကစားမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားမှ ကြေးတံဆိပ်ဆုရရှိ

 

နေပြည်တော်   ဩဂုတ်  ၄


အကြိမ် (၂၀) မြောက် အာဆီယံ တက္ကသိုလ်  အားကစားပြိုင်ပွဲကို   ဇူလိုင်    ၂၆   မှစ၍  ထိုင်းနိုင်ငံ   အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပ လျက်ရှိရာ    ယနေ့နံနက်ပိုင်းက Sunee   Tower  ၌  ကျင်းပသည့်  ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ် ဆု ရရှိသည်။ 

 


ယနေ့ကျင်းပသည့်   ဝူရှူး ပြိုင်ပွဲတွင် ပွဲစဉ်(၄)မျိုးကျင်းပခဲ့ပြီး ပွဲစဉ်   ၄  ဖြစ်သည့်  အမျိုးသမီး ထိုက်ချိချွမ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်     ဝင်ရောက်ယှဉ် ပြိုင်ရာ ရမှတ်(၉.၆၅)ဖြင့် ပထမဆု ရွှေတံဆိပ်ကို ရရှိသည်။ မလေးရှား နိုင်ငံမှ  ဒုတိယဆု ငွေတံဆိပ်ကို ရရှိပြီး အင်ဒိုနီးရှားနိုင်ငံမှ တတိယ ဆု ကြေးတံဆိပ်ကိုရရှိသည်။ 

 


မြန်မာတက္ကသိုလ် အားကစား အဖွဲ့အတွက်        ပထမဦးဆုံး ရွှေတံဆိပ်ဆုကို       စတင်ရယူ ပေးသည့်    မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ်    စတုတ္ထနှစ်   သမိုင်းဘာသာရပ်        အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး  မြန်မာ တက္ကသိုလ်    ဝူရှူးအားကစားအဖွဲ့ အနေဖြင့်   ဝူရှူးအားကစားနည်း လေးမျိုးကို   ဆက်လက်ယှဉ်ပြိုင် လျက်ရှိသည်။

 


အာဆီယံတက္ကသိုလ်   အား ကစားဘောလုံးပြိုင်ပွဲ   တတိယ နေရာလုပွဲကို ယနေ့ဒေသစံတော် ချိန် ညနေ  ၃  နာရီတွင် အူဘွန်း ရာချဌာနီရဂျာဟက်  တက္ကသိုလ် (Ubon Rachathani Rajabhat University) UBRU Happiness Stadium  ကွင်း၌  မြန်မာနိုင်ငံ တက္ကသိုလ်  ဘောလုံးအသင်းနှင့် လာအိုနိုင်ငံ တက္ကသိုလ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ ပွဲပြီးဆုံးချိန်ထိ ဂိုးမရှိ သရေရလဒ်ဖြစ်သဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ကန်ကြရာ မြန်မာ တက္ကသိုလ်အသင်းက ပယ်နယ်တီ အနိုင်ဂိုးများကို   မောင်ခိုင်ရဲဝင်း၊ မောင်ညီညီ၊ မောင်သန်း မြတ်စိုး နှင့် မောင်စိုးသူရတို့က သွင်းယူ ခဲ့ကြပြီး      လေးဂိုး-သုံးဂိုးဖြင့် တတိယဆု        ကြေးတံဆိပ်ရရှိ ခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်