၂၀၂၂ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် မြန်မာနှင့် အိမ်ရှင်အင်ဒိုနီးရှား ယနေ့ကစားမည်

 

ရန်ကုန်    ဩဂုတ်   ၉


အင်ဒိုနီးရှားနိုင်ငံ ယိုဂျကာတာမြို့၌ ပြုလုပ်လျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၀ ရက် (ယနေ့) ကျင်းပ မည်ဖြစ်ပြီး  မြန်မာအသင်းသည်  အိမ်ရှင်အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။     ဆီမီးဖိုင်နယ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သြဂုတ် ၉ ရက်က ပြုလုပ်ရာ မြန်မာအသင်းအပါအဝင် အိမ်ရှင်အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်း တို့မှ    နည်းပြချုပ်များ  တက်ရောက်ခဲ့သည်။     မြန်မာအသင်းနည်းပြချုပ်    ဦးအောင်ဇော်မျိုးက     “ဆီမီးဖိုင်နယ်ရောက်     အသင်းအားလုံးကို  ဂုဏ်ပြုစကား  ပြောကြားလိုပါတယ်။  အားလုံးက အသင်းကောင်း တွေပါ။    အင်ဒိုနီးရှားက   အိမ်ရှင်ဖြစ်နေတဲ့အပြင်   အသင်းကောင်း တစ်သင်းပါ။ ကျွန်တော့်အနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အကောင်းဆုံး    ကြိုးစားပြင်ဆင်သွားမှာပါ။  ပရိသတ်အများကြီးရှေ့မှာ ကစားရမှာက တော့  ကျွန်တော့်ကစားသမားတွေအတွက်  ပထမဆုံးအကြိမ်ဖြစ်ပါ တယ်”ဟု  ပြောကြားသည်။  ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်  ယနေ့မြန်မာ စံတော်ချိန်   ညနေ   ၃  နာရီတွင်   ထိုင်းအသင်းနှင့်    ဗီယက်နမ်အသင်း၊   ည  ၇ နာရီခွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။  ပြိုင်ပွဲကျင်းပရေး၏   ဆုံးဖြတ်ချက်အရ ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် မိနစ်  ၉၀   အတွင်း  သရေကျနေပါက အချိန်ပိုဆက်မကစား ဘဲ ပယ်နယ်တီဖြင့်  ဆုံးဖြတ်မည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF