အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်   ဩဂုတ်    ၁၀


အရှေ့ပိုင်းတိုင်း    စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူး တံခွန်စိုက်ဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ   ဖွင့်ပွဲကို  ယနေ့ မွန်းလွဲပိုင်းက   တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌     ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၊  ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင် အားကစား         သမားများနှင့် အားကစား     ဝါသနာရှင်များ တက်ရောက်ကြသည်။

 


ဦးစွာ   တိုင်းမှူးက  အဖွင့် အမှာစကား  ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင်အား ကစားသမားများ၏  ပြိုင်ပွဲအမျိုး အစားအလိုက်   ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို     ကြည့်ရှု အားပေးကြသည်။

 


အဆိုပါ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ကို  တိုင်းစစ်ဌာနချုပ်  ကွပ်ကဲမှု အောက်  တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသား၊   အမျိုးသမီး အသင်း ၈ သင်းစီဖြင့်    ဩဂုတ် ၁၇ ရက်အထိ   ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း       သတင်း ရရှိသည်။

သတင်းစဉ်