ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ၌ ပို့ဆက်နှင့် ကာကွယ်ရေးအသင်းတို့ အနိုင်ရရှိ

 

နေပြည်တော်   ဩဂုတ်   ၁၆


မျိုးဆက်သစ်    ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို     ယနေ့မွန်းလွဲ   ၃  နာရီခွဲတွင် နေပြည်တော်   ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် လေ့ကျင့်ရေးကွင်း အမှတ်(၃)တို့၌ ဆက်လက်ကျင်းပသည်။

 


အဆိုပါပြိုင်ပွဲသို့   အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ဦးမျိုးလှိုင်၊   ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ ဝန်ထမ်းများနှင့် ဘောလုံးအားကစားဝါသနာရှင် များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 


 ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း နှင့်   ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့  ယှဉ်ပြိုင် ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့်   ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 


ဩဂုတ်   ၁၇  ရက်  မွန်းလွဲ  ၃  နာရီခွဲတွင် အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အားကစား နှင့်   လူငယ်ရေးဝန်ကြီးဌာနအသင်းနှင့်  ပညာရေး ဝန်ကြီးဌာနအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်           ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်းတို့မှ     ဆက်လက် ယှဉ်ပြိုင်     ကစားသွားကြမည်ဖြစ်ရာ    ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့     လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။


အားကာမောင်