
ရန်ကုန် ဩဂုတ် ၁၈
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) နောက်ဆုံးနေ့အဖြစ် ရခိုင်ယူနိုက်တက်နှင့် GFA အသင်းတို့ သြဂုတ် ၁၈ ရက်က ယှဉ်ပြိုင် ကစားရာ GFA အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲတိုင်းအရေးနိမ့်ထားသည့် ရခိုင်ယူနိုက် တက်နှင့် ခုနစ်ပွဲကစား သုံးမှတ်သာရထား သည့် GFA အသင်းတို့ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရေး အရေးပါသည့်ပွဲဖြစ်သော ကြောင့် နှစ်သင်းစလုံး အားကုန်ထုတ်ကစား ပြီး GFA အသင်းက ဒုတိယမြောက်နိုင်ပွဲ ရခဲ့သော်လည်း ရခိုင်းယူနိုက်တက်အသင်း မှာမူ ရှစ်ပွဲဆက်အရှုံးနှင့်အတူ ဖိအားပိုများ ခဲ့သည်။
ရခိုင်ယူနိုက်တက်အသင်းသည် ဇော်ဇော် နိုင်၊ ဇေယျာနိုင်၊ ချမ်းဦးတို့ဖြင့် လူစုံနီးပါး အသုံးပြုကာ နိုင်ငံခြားသားကစားသမား အီဗရာဟင်မ်ကို နောက်ပိုင်းမှ လူစားလဲ အသုံးပြုခဲ့သည်။ GFA အသင်းသည် နိုင်ငံ ခြားသားကစားသမား နှစ်ဦးအပါအဝင် သန်းတိုးအောင်၊ မောင်မောင်စိုး၊ ရွှေဝင်းထွန်း တို့ ပါဝင်ကစားခဲ့သည်။ ပွဲအစ ၁၄ မိနစ်တွင် GFA အသင်း ဂိုးစတင်ရရှိခဲ့ပြီး ယောကူဆီက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း တွင် ရခိုင်ယူနိုက်တက်အသင်းက ချေပဂိုး ပြန်ရရန် ကြိုးပမ်းခဲ့သလို GFA အသင်း ကလည်း ဂိုးပြန်မပေးရရန် ကြိုးပမ်းပြီး ဂိုးထပ်မံရရှိရန်လည်း အားထည့်ကစားခဲ့ သည်။ ၈၅ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်း ချေပဂိုးပြန်ရခဲ့ကာ အီဗရာဟင်မ်က သွင်းယူ ခဲ့သည်။ ပွဲပြီးခါနီးမှ ချေပဂိုးပြန်ရသဖြင့် ရခိုင်ယူနိုက်တက်အသင်း ပထမဆုံး ရမှတ် ရယူနိုင်ရန် အခြေအနေကောင်းခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ဂိုးပြန်ပေးခဲ့ရသဖြင့် ရှုံးပွဲဆက်ခဲ့ရသည်။ GFA အသင်းအတွက် အနိုင်ဂိုးကို ၉၁ မိနစ်တွင် သန်းတိုးအောင် က သွင်းယူပေးခဲ့သည်။ ရခိုင်ယူနိုက်တက် အသင်းသည် ပထမအကျော့ လက်ကျန် တစ်ပွဲသာ ကစားရန်လိုသည့်အချိန်တွင် နိုင်ပွဲမရသေးဘဲ အဆင့် ၈ နေရာမှ မဟာ ယူနိုက်တက်နှင့် ခြောက်မှတ်အထိ ကွာဟ သွားသဖြင့် ရုန်းကန်ရတော့မည်ဖြစ်သည်။
ပွဲစဉ် (၈) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၄ မှတ် ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက ၁၆ မှတ်၊ မြဝတီအသင်းက ၁၅ မှတ်၊ ဧရာဝတီနှင့် အားကာသိပ္ပံအသင်းက ၁၄ မှတ်စီ၊ ရတနာပုံအသင်းက ၁၁ မှတ်၊ ဟံသာဝတီအသင်းက ၁၀ မှတ်၊ မဟာယူနိုက် တက်နှင့် GFA အသင်းက ခြောက်မှတ်စီ ရရှိထားကာ ရခိုင်ယူနိုက်တက်အသင်းမှာမူ ရှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ပထမ အကျော့ နောက်ဆုံးရက်သတ္တပတ်ကို သြဂုတ် ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်