ရှမ်းယူနိုက်တက်အသင်း ပြည်တွင်းကစားသမားသစ် သုံးဦးခေါ်ယူ

 

ရန်ကုန်  ဩဂုတ်  ၂၀


မြန်မာနေရှင်နယ်    လိဂ်ကလပ် ရှမ်းယူနိုက်တက်  အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ကာလ တွင်  ပြည်တွင်းကစားသမားသစ် သုံးဦး ခေါ်ယူခဲ့ပြီး သြဂုတ် ၂၀ ရက် နံနက်ပိုင်းက  တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။

 


ရှမ်းယူနိုက်တက်အသင်းသည် ကွင်းလယ်နှင့် တောင်ပံနေရာများကို အဓိကအားဖြည့်ခဲ့ပြီး   မြန်မာ့ လက်ရွေးစင် တောင်ပံကစားသမား မြတ်ကောင်းခန့်၊  လက်ရွေးစင် ဟောင်း တောင်ပံကစားသမား စည်သူအောင်၊ ကွင်းလယ်ကစား သမား ဇင်ဖြိုးအောင်တို့ကို ခေါ်ယူခဲ့ ခြင်းဖြစ်ပြီး ရာသီကုန်အထိ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

 


ယင်းကစားသမား     သုံးဦး စလုံးသည်  MNL အတွေ့အကြုံ ရှိသူများဖြစ်ပြီး    စည်သူအောင် နှင့်        မြတ်ကောင်းခန့်မှာ    ပြည်ပကလပ်များတွင်ပါ   ကစား ဖူးသူဖြစ်သည်။  ရှမ်းယူနိုက်တက် အသင်းသည်      ၂၀၂၂   MNL အမှတ်ပေးပြိုင်ပွဲ    ရာသီဝက် အပြောင်းအရွှေ့  ကာလတွင် ကစားသမားသစ်များ ထပ်မံခေါ်ယူ မည်ဖြစ်သည်။

 


ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိကျင်းပနေသည့်   ၂၀၂၂  MNL အမှတ်ပေးပြိုင်ပွဲတွင်   ဇယား ထိပ်ဆုံးမှ       ဦးဆောင်နေပြီး  ချန်ပီယံဆု     ကာကွယ်နိုင်ရန် အတွက်      လိုအပ်သည့်နေရာ များ  အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။    

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-SUFC