သြဂုတ် ၃၀ ရက်တွင် ပြုလုပ်မည့် AFF Cup 2022 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအတွက် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်

 

ရန်ကုန်   ဩဂုတ်   ၂၃


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် သြဂုတ် ၃၀ ရက်တွင်  ပြုလုပ်မည့် AFF Cup 2022 ပြိုင်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန် လိုက်ပြီဖြစ်သည်   အာဆီယံဘောလုံးအဖွဲ့ချုပ်သည်  ယင်းပြိုင်ပွဲကို Mitsubishi Electric ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်မည်ဖြစ်ပြီး AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲအမည်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲတွင်   အရှေ့တောင်အာရှ   ၁၁  သင်းစလုံး  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  အဆင့်သတ်မှတ်ချက်မြင့်မား သည့် ကိုးသင်းက နောက်ဆုံးအဆင့်မှ စတင်ကစားရမည်ဖြစ် ကာ   အနိမ့်ဆုံးနှစ်သင်းမှာ    ခြေစစ်ပွဲကစားရမည်ဖြစ်သည်။   အာဆီယံဘောလုံးအဖွဲ့ချုပ်၏  သတ်မှတ်ချက်အရ  အဆင့် သတ်မှတ်ချက်    အနိမ့်ဆုံးနှစ်သင်းဖြစ်သည့်   တီမောနှင့် ဘရူနိုင်းအသင်းမှာ ခြေစစ်ပွဲကစားရမည်ဖြစ်ပြီး   အနိုင်ရ သည့်တစ်သင်းသာ   နောက်ဆုံးအဆင့်  တက်ရောက်ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။  
ဆီဒင်သတ်မှတ်ချက်အရ  Pot-1 တွင် လက်ရှိချန်ပီယံ  ထိုင်းနှင့်  ဗီယက်နမ်၊ Pot-2 တွင် အင်ဒိုနီးရှား နှင့် မလေးရှား၊ Pot-3 တွင် စင်ကာပူနှင့် ဖိလစ်ပိုင်၊ Pot-4 တွင် မြန်မာနှင့်    ကမ္ဘောဒီးယား၊ Pot-5 တွင် လာအိုနှင့်  ခြေစစ်ပွဲအောင်အသင်း တို့ ပါဝင်နေသည်။

 


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပမည်ဖြစ်ပြီး   ငါးသင်း   နှစ်အုပ်စုခွဲ၍  ပြိုင်ပွဲဝင်တစ်သင်းလျှင်  အုပ်စုလေးပွဲကို  အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။   

 


ဆီမီးဖိုင်နယ်နှင့်  ဗိုလ်လုပွဲကို    အိမ်ကွင်း၊   အဝေးကွင်း  နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။   ယင်းပြိုင်ပွဲအတွက်  အုပ်စုမဲခွဲပွဲကို  သြဂုတ်  ၃၀  ရက်တွင်   ထိုင်းနိုင်ငံ၌  ကျင်းပ မည်ဖြစ်ပြီး   အာဆီယံဘောလုံးအဖွဲ့ချုပ်သည်    ပြီးခဲ့သည့် ရက်ပိုင်းက ဆီဒင်သတ်မှတ်ချက်များ  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ရက်ကို  အုပ်စုမဲခွဲပွဲတွင်  တစ်ပေါင်းတည်း ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ 


ရဲရင့်လွင်