တိုင်းပြည်နှင့်လူမျိုး၊ စာပေနှင့်ယဉ်ကျေးမှုအပေါ် သန့်စင်မြင့်မြတ်သည့်စိတ် ထားရှိဖို့လို

 

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံ သားတိုင်း မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာ   ထုတ်ဖော်ပြောဆိုခွင့်၊  ရေးသားဖြန့်ဝေခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ  ပြဋ္ဌာန်းထားသည့်  ဥပဒေများနှင့်  မဆန့်ကျင်ရန် လိုသည်။  နိုင်ငံသားတိုင်း   နိုင်ငံသားအခွင့်အရေးဖြစ်သည့် လွတ်လပ်ခွင့်ကို ကျင့်သုံးရာတွင် နိုင်ငံတော်လုံခြုံရေးကို မကျိုး ပေါက်စေရန်၊ တရားဥပဒေစိုးမိုးရေး မပျက်ပြားစေရန်၊ ရပ်ရွာ အေးချမ်းသာယာရေးကို   မထိခိုက်စေရန်၊   ပြည်သူတို့၏ ကိုယ်ကျင့်တရားကို မထိပါးစေရန်အတွက် ဥပဒေနှင့်အညီသာ ဖြစ်ရမည် ဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်   စာပေဗိမာန်  ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် မိန့်ခွန်းတွင် “နိုင်ငံတော်ရဲ့အနာဂတ်ဟာ စာတတ်ရုံနဲ့ မပြည့်စုံ သေးပါဘူး။  စာဖတ်ဖို့နဲ့   စဉ်ဆက်မပြတ်   လေ့လာဖို့လည်း လိုအပ်ပါတယ်။    ဒါတွေလုပ်နိုင်ဖို့   အခြေခံအဆောက်အအုံ (Infrastructure) တွေ လိုပါတယ်။ စာသင်ကျောင်းတွေ၊ စာသင် ဌာနတွေကစပြီး  စာအုပ်၊  စာပေထုတ်ဝေသူ အဖွဲ့အစည်းတွေ၊ ပြုစုသူ စာရေးဆရာတွေ၊  သုတေသီတွေ၊  စာကြည့်တိုက်တွေ၊ လှုံ့ဆော်သူတွေ  စသည်ဖြင့် လိုအပ်ပါတယ်။  ဒီအခြေခံအဆောက် အဦတွေဟာလည်း  မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုး၊ မိမိစာပေနဲ့ယဉ်ကျေးမှုတွေအပေါ်မှာ     သန့်စင်မြင့်မြတ်တဲ့   စိတ်ထားရှိဖို့ လိုပါတယ်။ အယူဝါဒမှိုင်းကင်းစင်တဲ့ အသိပညာဗဟုသုတတွေကို ဖြန့်ဖြူးပေးရပါလိမ့်မယ်။ အဆိပ်အတောက်ကင်းစင်တဲ့ စာပေ တွေဖြစ်ဖို့ လိုပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

 


ပြီးခဲ့သည့် ဒီမိုကရေစီ ဆယ်နှစ်တာခရီးအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နှင့်အတူ စာအုပ်စာတမ်းများစွာ ထွက်ပေါ် လာခဲ့သည်။ တစ်ခေတ်တစ်ခါက မူဝါဒကြောင့် မထွက်နိုင်ခဲ့သည့် စာအုပ်များ ထွက်လာခဲ့ပြီး  ဖတ်ချင်စဖွယ်  သုတ၊  ရသ  စာအုပ် များစွာဖြင့် စာပေနယ်ပယ်ဖွံ့ဖြိုးလာခဲ့သည်။  အခြားတစ်ဖက်တွင် မူ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချင်ခင်ရင်းနှီးမှုတို့ကို ပျက်ပြားစေပြီး အမုန်းတရားကြီးမားစေ သည့် စာအုပ်စာတမ်းများ၊ ပြည်သူတို့၏ အတွေးအခေါ်နှင့် အကျင့် စာရိတ္တတို့ကို ပျက်ပြားစေသည့် စာအုပ်စာတမ်းများ၊ မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း   စိတ်ဝမ်းကွဲပြားမှုသို့    ဦးတည်စေသည့် စာအုပ်စာတမ်းများ၊ စာပေဟောပြောပွဲအမည်ခံ  ဟောပြောမှု များလည်း ပေါ်ထွက်လာခဲ့ရာ နိုင်ငံအတွက် အန္တရာယ်ကြီးသလို ထိခိုက်မှုပမာဏမှာလည်း ကြီးသည်။

 


မျိုးဆက်သစ်လူငယ်များအပါအဝင် နိုင်ငံသူ နိုင်ငံသားအားလုံး  စာဖတ်ရန်နှင့် စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်သကဲ့သို့ပင်  စာပေထုတ်ဝေသူများ၊ စာရေးဆရာများနှင့် သုတေသီများကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု အသိပညာ ဗဟုသုတ မြင့်မားရေး၊ နိုင်ငံနှင့်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ် မြင့်မားရေးတို့အတွက် အကျိုးပြုသည့် သုတ ရသ စာပေများကို ရေးသားထုတ်ဝေကြရန်နှင့် အယူဝါဒလွဲမှားစေသည့် စာပေများနှင့် အဆိပ်အတောက် အညှီအဟောက် စာပေတို့ကိုလည်း ဝိုင်းဝန်း ဖော်ထုတ် သုတ်သင်ရှင်းလင်းကြရပါမည့်အကြောင်း။        ။