နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်ကို MRTV မှ တိုက်ရိုက် ထုတ်လွှင့်မည်

 

နေပြည်တော်   ဩဂုတ်   ၂၇


၂၀၂၂  ခုနှစ်  နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ် ၁၃ ရက်မှ စက်တင်ဘာ ၂   ရက်အထိ  နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ကျင်းပ လျက်ရှိသည်။

 


ထုတ်လွှင့်ပြသပေးမည်


အဆိုပါ ပြိုင်ပွဲများအနက် ဩဂုတ် ၂၉ ရက်  မွန်းလွဲ  ၃နာရီနှင့် ဩဂုတ် ၃၀ ရက် မွန်းလွဲ ၃နာရီတို့တွင် ကျင်းပမည့် အကြိုဗိုလ်လု ပွဲစဉ်များကို   MRTV  Sports  Channel    တွင်လည်းကောင်း၊  စက်တင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပမည့် ဗိုလ်လုပွဲစဉ်ကို  MRTV HD နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့တွင် လည်းကောင်း တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။  

                            
သတင်းစဉ်