မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်း ယခုလကုန်ပိုင်း ခြေစမ်းပွဲနှစ်ပွဲကစားမည်

 

ရန်ကုန် ဩဂုတ် ၂၇


နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းသည် ယခုလကုန်ပိုင်းတွင်     ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင် ကစားသွားမည်ဖြစ် သည်။   မြန်မာ  ယူ-၁၉  အသင်း သည် ခြေစမ်းပွဲအဖြစ် မကြာမီက ကျင်းပပြီးစီးခဲ့သည့်   ၂၀၂၂  တိုင်း ဒေသကြီးနှင့်   ပြည်နယ်  ယူ-၁၉ ပြိုင်ပွဲမှ    ခြေစွမ်းပြနိုင်သူများဖြင့် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်   ယူ-၁၉    အသင်းတို့ ရန်ကုန်မြို့၌        ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်       ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲနှစ်ပွဲကို သြဂုတ် ၂၉ ရက်နှင့် ၃၁ ရက် ညနေ ၃ နာရီခွဲ တွင်           သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်မည်ဖြစ်သည်။

 


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည်    ယခုခြေစမ်းပွဲကို   တိုင်း ဒေသကြီးနှင့်  ပြည်နယ်   ယူ-၁၉ ပြိုင်ပွဲတွင်       ခြေစွမ်းပြသသည့် အသက်  ၁၉  နှစ်အောက် ကစား သမားများအနေဖြင့် မြန်မာနေရှင် နယ်လိဂ်ကလပ်များတွင်   ပါဝင် ကစားနိုင်မည့်    အခွင့်အရေးရရှိ စေရေး၊    သက်တမ်းအလိုက် မြန်မာ့   လက်ရွေးစင်အသင်းများ (အထူးသဖြင့်      ဆီးဂိမ်းပြိုင်ပွဲဝင် မည့်   ယူ-၂၂  အသင်း) အတွက် ကစားသမား    ရွေးချယ်ရာတွင် အထောက်အကူ        ဖြစ်စေရေး စသည့်      ရည်ရွယ်ချက်များဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။ တိုင်းဒေသကြီးနှင့် ပြည် နယ် ယူ-၁၉ အမျိုးသားဘောလုံး အသင်းကို ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၂ ခုနှစ်  တိုင်း ဒေသကြီးနှင့်  ပြည်နယ်  ယူ-၁၉ ပြိုင်ပွဲတွင်   ဗိုလ်စွဲခဲ့သော   ကရင် ပြည်နယ်အသင်းနည်းပြ ဦးသိန်းဇံ နှင့်   ဒုတိယရရှိခဲ့သော    မွန် ပြည်နယ်အသင်းနည်းပြ ဦးမင်း သူ၊    ဂိုးနည်းပြအဖြစ်    ကရင် ပြည်နယ်အသင်းမှ     ဦးသူရနိုင် တို့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။       ယင်းအသင်းတွင် ကစားသမားများအဖြစ် ဂိုးသမား- စောသန်းရွှေဌေး (ကရင်ပြည်နယ်)၊  သန့်ဇင်ဦး      (ရှမ်းပြည်နယ်)၊ နောက်တန်း- ရဲဝင်းအောင် (ပဲခူး တိုင်းဒေသကြီး)၊  ရှင်မွှေးလကိုင် ကီး (နေပြည်တော်)၊ နေတိုးဇော်၊ ထွန်းထွန်းဝင်း     (မွန်ပြည်နယ်)၊ ဝေယံလင်းသူ       (ဧရာဝတီတိုင်း ဒေသကြီး)၊      ကောင်းခန့်ကျော် (မကွေးတိုင်းဒေသကြီး)၊ ဟန်မျိုး ဇင် (ကချင်ပြည်နယ်)၊ စိုင်းပန်းစိန် (ရှမ်းပြည်နယ်)၊     ကောင်းမြတ် ကျော်   (မန္တလေးတိုင်းဒေသကြီး)၊ ပြည့်ဖြိုးကျော်   (စစ်ကိုင်းတိုင်း ဒေသကြီး)၊   အိုကေချစ်  (ရန်ကုန် တိုင်းဒေသကြီး)၊    အလယ်တန်း- ပိုင်ဖြိုးဇော်       (နေပြည်တော်)၊ အောင်ဘုန်းမြတ်      (ပဲခူးတိုင်း ဒေသကြီး)၊   ဝေယံစိုး   (မွန်ပြည် နယ်)၊   အောင်သီဟပိုင်   (ရန်ကုန် တိုင်းဒေသကြီး)၊    သော်ထက် အောင် (မန္တလေးတိုင်းဒေသကြီး)၊ ရန်နိုင်ထွန်း     (မကွေးတိုင်းဒေသ ကြီး)၊   စစ်နိုင်ဦး    (မွန်ပြည်နယ်)၊ စောနိုင်  (ကရင်ပြည်နယ်)၊  စခန့် ချော    (ရှမ်းပြည်နယ်)၊    လှမျိုး (နေပြည်တော်)၊ လထွယ်  (ကချင် ပြည်နယ်)၊ ရှေ့တန်း- ဆန်းမြင့်နိုင် (မွန်ပြည်နယ်)၊     ထွန်းထွန်းနိုင် (ကချင်ပြည်နယ်)၊      လမင်းချစ် (မန္တလေးတိုင်းဒေသကြီး)၊     ဇေ ညီညီလင်းမောင်     (ရန်ကုန်တိုင်း ဒေသကြီး)၊   စောစီရဖိုး   (ကရင် ပြည်နယ်) တို့ ပါဝင်သည်။

 


မြန်မာ  ယူ-၁၉   အသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊     လက်ထောက် နည်းပြများအဖြစ် ဦးမင်းမင်းထွန်း နှင့် ဦးစထက်နိုင်ဝင်း၊   ဂိုးနည်းပြ အဖြစ် ဦးစိန်အေးတို့က   တာဝန် ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာ  ယူ-၁၉ အသင်းသည် စက်တင်ဘာ တွင် ယှဉ်ပြိုင်ရမည့်  ၂၀၂၃  အာရှ ဖလား  ယူ-၂၀  ခြေစစ်ပွဲအတွက်     ပြင်ဆင်နေခြင်းဖြစ်ပြီး      Junior Lions      အသင်းအမည်ဖြင့်     ပြည်တွင်းလိဂ်ဖြစ်သော   MNL-2 ပြိုင်ပွဲတွင်       ယှဉ်ပြိုင်လျက်ရှိ  သည်။             


ရဲရင့်လွင်