ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးအကြိုဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်

 

 

နေပြည်တော်  ဩဂုတ်  ၃၀


မြန်မာ့ဘောလုံး    အားကစား လောကအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်၊ တစ်မျိုးသား လုံး      ကျန်းမာကြံ့ခိုင်မှုအဆင့် အတန်း မြှင့်တင်ရေးနှင့် မျိုးဆက် သစ်  ဘောလုံးအားကစားသမား များစွာ       ပေါ်ထွက်လာစေရန် ရည်ရွယ်၍     ၂၀၂၂  ခုနှစ်  ဝန်ကြီး ဌာနပေါင်းစုံ   အသက်   ၂၅  နှစ် အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 


စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ စက်တင်ဘာ ၂ ရက်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို    အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း   သိရ သည်။ 

အားကာမောင်