
ယူအက်စ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် နာမည်ကြီး ကမ္ဘာ့နံပါတ်တစ်ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်သည် အမေရိကန်တင်းနစ်မယ် စတီဖန်ကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့ကြောင့် ဆွီယာတက်ခ်သည် အဆိုပါပြိုင်ပွဲ တတိယအဆင့်တွင် အမေရိကန်တင်းနစ်မယ် ဒေးဗီးစ်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဆွီယာတက်ခ်သည် ယခင်နှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် စတုတ္ထ အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအဆင့်တွင် နာမည်ကြီးတင်းနစ်မယ်များဖြစ်သည့် ဘင်း ဆစ်၊ ပဲဂူလာ၊ အန်ဒရက်ဂူ၊ ကေဗီတိုဗာ၊ အဇာရင်ကာ၊ ဂါစီယာ၊ ဆီရီ နာဝီလျံတို့ အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
မိုးဇက် - စုစည်းသည်