
ယူအက်စ်အိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ တတိယ အဆင့်တွင် တူနီးရှား တင်းနစ် မယ် ဂျေဘီယာသည် အမေ ရိကန်တင်းနစ်မယ် ရော်ဂျာကို အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဂျေဘီယာ သည် ပြိုင်ဘက်ကို ၄-၆၊ ၆-၄၊ ၆-၃ ဖြင့် အနိုင် ရရှိကာ ၁၆ ဦးအဆင့်သို့ တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။ ဂျေ ဘီယာသည် ပထမအဆင့်၊ ဒုတိယအဆင့်တွင်လည်း အမေ ရိကန် တင်းနစ်မယ်များဖြင့်သာ တွေ့ဆုံခဲ့ပြီး အနိုင်ယူကျော်ဖြတ် နိုင်ခဲ့သည်။
အဆိုပါ အဆင့်တွင် နာမည် ကြီးတင်းနစ်မယ် ဆီရီနာဝီလျံ သည် ပြိုင်ဘက် တွမ်ဂျန်နိုဗစ်ကို ၅-၇၊ ၇-၆ (၇-၄)၊ ၁-၆ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တင်းနစ် လောကကို လက်ပြနှုတ်ဆက်ခဲ့ သည်။ တင်းနစ်လောကတွင် အောင်မြင်မှုများစွာ ရယူထားနိုင် သည့် အသက် ၄၁ နှစ်အရွယ် ဝီလျံသည် ယူအက်စ်အိုးပင်း ပြိုင်ပွဲက ၎င်း၏ တင်းနစ်ကစား သမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ် ကြောင်း ထုတ်ဖော်ပြောကြား သည်။
ဂျေဘီယာနှင့်အတူ ၁၆ ဦး အဆင့်သို့ ဂါစီယာ၊ ဆမ်ဆွန်နိုဗာ၊ ရစ်ကီ၊ ကိုကိုဂါ့ဖ်၊ ရှောင်ရှုဝေ စသည့် တင်းနစ်မယ်များ တက် ရောက်နိုင်ခဲ့သည်။
အောင်ဇော်