
ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား အသက် ၁၆ နှစ် နှင့်အောက် အမျိုးသားဘောလုံး ဗိုလ်လုပွဲပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက ရန်ကုန်မြို့သု၀ဏ္ဏ (Y.T.C) ဘောလုံး အားကစားကွင်း၌ကျင်းပရာ တွံတေးခရိုင်အသင်းက ဒဂုံ မြို့သစ်ခရိုင်အသင်းကို နှစ်ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ တာ၀န်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ၊ ပြည်သူများကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲကိုကျင်းပရာ အကောင်းဆုံးရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရရှိကြသော အားကစားသမားနှင့် တတိယဆု ရရှိသော အင်းစိန်ခရိုင်အသင်း၊ ဒုတိယဆုရရှိသော ဒဂုံ မြို့သစ်ခရိုင်အသင်းတို့ကို တိုင်းဒေသကြီး၀န်ကြီးများ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအတွင်းရေးမှူး နှင့် တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်း က ပထမရရှိသွားသော တွံတေးခရိုင်အသင်း ကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလား ချီးမြှင့်သည်။ ယင်းပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ကျင်းပပြီး ခရိုင် ၁၄ ခု ၀င်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အာကာစိုး