တိုက်စစ်ကစားသမား ရက်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေသည့် မန်ယူ

မန်ယူအသင်းသည် ယခုနှစ်ရာသီ တွင် ခြေစွမ်းပြကာ သွင်းဂိုးများ ရယူထားနိုင်သည့် တိုက်စစ် ကစားသမား ရက်ဖို့ဒ်ကို စာချုပ် သက်တမ်းတိုးရေးနှင့် ပတ်သက် ပြီး ဆွေးနွေးသွားဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရက်ဖို့ဒ်သည် ယခုနှစ်ရာသီ ပရီမီယာလိဂ် ခြောက်ပွဲတွင် သုံး ဂိုးသွင်းယူပေးထားနိုင်သည်။ ၎င်း သည် ယမန်နှစ်က ခြေစွမ်းပြသ နိုင်ခြင်းမရှိဘဲ လိဂ် ၂၅ ပွဲတွင် လေးဂိုးသာ သွင်းယူထားနိုင် သည်။ အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား ရက်ဖို့ဒ် သည် မန်ယူအသင်းနှင့် ချုပ်ဆို ထားသော စာချုပ်သက်တမ်းမှာ တစ်နှစ် ကျန်ရှိနေသေးသည်။ ၎င်းကို ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းက ခေါ်ယူရန် စိတ်ဝင်စား နေသည်။ မိုးဇက် - စုစည်းသည်