
အီတလီစီးရီးအေပွဲစဉ် (၆) မှ နာပိုလီအသင်းနှင့် စပီဇီယာအသင်းတို့ပွဲစဉ်ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက နာပိုလီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ နာပိုလီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့်ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် အင်္ဂလန် နာမည်ကြီး လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ယူထား သည့် နာပိုလီအသင်းသည် ယခုပွဲစဉ်တွင် စပီဇီယာ အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲချိန် ပြည့်ခါနီးတွင် ရရှိခဲ့သော ရက်စ်ပန်ဒို၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
နာပိုလီအသင်းသည် ယခုပွဲစဉ်တွင် တိုက်စစ် ခြေစွမ်းပြသကာ စပီဇီယာအသင်းဘက်သို့ ဂိုးကန် သွင်းခွင့် ၂၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း ခံစစ်နှင့် ဂိုးသမားတို့ အကောင်းဆုံး ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက် သွင်းဂိုးရရှိရန် ရုန်းကန်ခဲ့ရခြင်း ဖြစ်သည်။
တစ်ပွဲသာ နိုင်ပွဲရရှိထား
နာပိုလီအသင်းသည် ယခုအနိုင်ပွဲကြောင့် စီးရီးအေ ပွဲစဉ် (၆) အပြီးတွင် လေးပွဲနိုင်၊ နှစ်ပွဲသရေ ရမှတ် ၁၄ မှတ်အထိ ရှိလာပြီ ဖြစ်သည်။ ပြိုင်ဘက်စပီဇီယာအသင်းက ပွဲစဉ်(၆)အပြီးတွင် တစ်ပွဲ သာ နိုင်ပွဲရရှိထားပြီး သရေနှစ်ပွဲနှင့် ရှုံးပွဲသုံးပွဲအထိ ရှိလာပြီဖြစ် သည်။
နာပိုလီအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရိန်းဂျားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်