
နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော် တိုင်းစစ်ဌာနချုပ် ၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည် တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ တပ်နယ် အားကစားခန်းမ၌ ပြုလုပ်သည်။ အဆိုပါ ပိုက်ကျော် ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဖြင့် စက်တင်ဘာ ၁၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ် ကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တက်ရောက် အမှာစကား ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် အတူ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေ မှုများကို ကြည့်ရှုအားပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်