အကြမ်းဖက်အဖွဲ့အစည်းနှင့် နိုင်ငံကိုယ်စားပြုမှု

 

ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ဝါဒချင်းဆန့်ကျင်သည့် နိုင်ငံကြီး နှစ်နိုင်ငံက ဦးဆောင်သော  အုပ်စုကြီးနှစ်စု၏  စစ်အေးတိုက်ပွဲ ပေါ်ပေါက်ခဲ့သည်။ စစ်အေးတိုက်ပွဲကာလသည် ၁၉၄၇  ခုနှစ်မှ  ၁၉၉၁ ခုနှစ်အထိ  ၄၅  နှစ်ခန့်ကြာမြင့်ခဲ့ပြီး  အုပ်စုနှစ်စုအပြိုင်ရှိနေ ခဲ့သည်။ ထိုခေတ်ကာလ နိုင်ငံတကာဆက်ဆံရေးအခင်းအကျင်း ကို ဒွိဝင်ရိုးကမ္ဘာ(Bipolar World) ဟူ၍ နိုင်ငံတကာသုတေသီ တို့က ခေါ်ဝေါ်ကြသည်။   စစ်ပြီးကာလ  ကုလသမဂ္ဂကို  ဖွဲ့စည်း တည်ထောင်ရာတွင်      အောင်နိုင်သူမဟာမိတ်   ငါးနိုင်ငံက ဗီတိုအာဏာပိုင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ (အမေရိကန်၊  ဆိုဗီယက်  ရုရှား၊  အင်္ဂလိပ်၊   ပြင်သစ်၊  တရုတ်) ဟူ၍ ဖြစ်လာသည်။

 


ဒုတိယကမ္ဘာစစ်ကြီးက အင်္ဂလန်ကဲ့သို့သော နယ်ချဲ့အင်ပါယာ ပြည့်ရှင်နိုင်ငံမျိုးကို စစ်နိုင်သော်ငြား အထည်ကြီးပျက်နိုင်ငံဘဝ သို့ လျှောကျသွားစေခဲ့ပြီး အမေရိကန်မှာ စီးပွားရေး၊ နိုင်ငံရေးအရ အကျိုးအမြတ်ကြီးစွာ ဖြစ်ထွန်းစေကာ ကမ္ဘာ့နံပါတ်တစ်နေရာသို့ ရောက်ရှိသွားစေခဲ့သည်။ အမေရိကန်ဦးဆောင်သည့် အနောက် အုပ်စုနှင့်   ဆိုဗီယက်   ရုရှား  ဦးဆောင်သည့် အရှေ့အုပ်စုတို့၏ ဝန်ရိုးနှစ်ခုပြိုင်ဆိုင်မှုတွင်  ကုလသမဂ္ဂ၊  ကမ္ဘာ့ဘဏ်၊  အိုင်အမ် အက်ဖ်၊ ဒဗလျူတီအို စသည့်အဖွဲ့အစည်းများကို လွှမ်းမိုးထား နိုင်သည့် အနောက်အုပ်စုက အမြဲခေါင်းတစ်လုံးသာမက နှစ်လုံး၊ သုံးလုံးသာနေခဲ့သည်။ ကုလသမဂ္ဂကို ရပ်ကွက်ထဲမှ ကစားကွင်း တစ်ခုအဖြစ် ဥပမာဆိုရလျှင် အနောက်အုပ်စုသည် ကစားကွင်း ထဲမှာ နေရာယူဗိုလ်ကျနေသည့် ကလေးဆိုးကြီးများသဖွယ်ပင်။ ကစားကွင်းထဲတွင် ၎င်းတို့နှင့် အဆင်ပြေအောင် ပေါင်းသင်းနိုင်ဖို့ လိုပြီး အဆင်မပြေသူတို့မှာ အနိုင်ကျင့်ခံကြရမည်သာဖြစ်သည်။

 


ကုလသမဂ္ဂ၏ ထိုအစဉ်အလာသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီး စစ်အေးတိုက်ပွဲအဆုံးသတ်ကာ အမေရိကန်သည် နိုင်ငံတကာအခင်းအကျင်းတွင်  ကမ္ဘာ့ပုလိပ်ကြီးအဖြစ်  နေရာ  ယူသွားသည့်အချိန်တွင် ပို၍ပေါ်လွင်ထင်ရှားလာသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုသည့် ဝေါဟာရတို့ကို ရေလဲသုံးကာ တစ်ကမ္ဘာ လုံးကို   အနောက်အုပ်စုပုံစံသွင်းရန်   ကြိုးစားသည်။  နယ်ချဲ့ ကိုလိုနီလက်အောက်မှ လွတ်မြောက်လာခဲ့ပြီးနောက် အခက်အခဲ မျိုးစုံနှင့် ရုန်းကန်ကြိုးပမ်း တည်ဆောက်နေကြရသည့် တတိယ ကမ္ဘာနိုင်ငံငယ်များကို နည်းမျိုးစုံနှင့် သိမ်းသွင်းရာတွင် ပြည်တွင်း နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုများ တစ်ကမ္ဘာလုံးတွင် လုပ်ခဲ့ သည်။  ယခုလည်း  (၇၇)  ကြိမ်မြောက်  ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်     မြန်မာနိုင်ငံ၏   ကိုယ်စားပြုမှုနှင့်  စပ်လျဉ်း၍ ပြည်ပြေးအကြမ်းဖက်အဖွဲ့ကို  ပွဲထုတ်နိုင်ရေး  အလံရှူးတို့က နှတ်ကြောင်းပေးလျက်ရှိသည်။

 


မြန်မာပြည်တွင်း နေရာအနှံ့အပြားတွင် အပြစ်မဲ့လက်နက်မဲ့ အရပ်သားများကို လက်မရွံ့အကြမ်းဖက်သမားတို့က သတ်ဖြတ် နေပုံများကို   ၎င်းတို့ကိုယ်တိုင်   ရိုက်ကူးထုတ်လွှင့်ထားသည့် ရုပ်မြင်၊ ရုပ်ပုံ၊ ဓာတ်ပုံများစွာတို့က သက်သေခံနေပြီး နောက်ကွယ် မှ မူဝါဒချမှတ်သူ၊ ထောက်ပံ့အားပေးကူညီသူ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုကို နိုင်ငံကိုယ်စားပြုအဖြစ် ကုလသမဂ္ဂအထွေထွေ ညီလာခံမှ  အသိအမှတ်ပြုရေး    လှုံ့ဆော်ကြိုးပမ်းမှုများမှာ ရှင်းနေသည်ကို      ရှုပ်အောင်ပြုလုပ်သည့်   လိမ်ညာမှုတစ်ရပ်သာ ဖြစ်ပါကြောင်း။      ။